အမေရိကန် အင်ဂျင်နီယာလုပ်ငန်းများကိုသူလျှိုလုပ် စုံစမ်းမှုဖြင့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထား

အမေရိကန် အင်ဂျင်နီယာလုပ်ငန်းများကိုသူလျှိုလုပ် စုံစမ်းမှုဖြင့် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီးထား

အမေရိကန် အင်ဂျင်နီယာနှင့် သိပ္ပံပညာရှင်များကိုသူလျှိုလုပ် သတင်းယူကာတရုတ်အစိုးရအတွက် လုပ်ကိုင်ပေးနေမှုဖြင့် တရုတ်နိုင်ငံသားတစ်ဦးကိုအမေရိကန်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။ 

အသက် ၂၇ နှစ်အရွယ် ဂျီချောင်ကွင်ကို ရှီကာဂိုမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမေရိကန်တွင် တရားမဝင် ထောက်လှမ်းရေးအဖြစ်  လုပ်ကိုင်နေမှုဖြင့်အမှုဖွင့်ထားကြောင်းအမေရိကန် ရှေ့နေချုပ်ရုံးကထုတ်ပြန်ထားသည်။ 
    မစ္စတာဂျီသည် ၂၀၁၃  တွင်အမေရိကန်သို့ ရောက်ရှိကာ လျှပ်စစ်အင်ဂျင်နီယာဘာသာသင်ယူခဲ့ပြီး၊ ၂၀၁၆ တွင် အမေရိကန် အရပ်တပ်ဖွဲ့သို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။ မစ္စတာဂျီသည် တရုတ် အဆင့်မြင့်ထောက်လှမ်းရေးအရာရှိတစ်ဦး၏  လက်အောက်တွင် လုပ်ကိုင်နေသူဖြစ်ကြောင်း ရှီကာဂိုတရားရုံးတွင် စွဲဆိုထားမှုတွင် ဖော်ပြထားသည်။ 
    မစ္စတာဂျီသည် အမေရိကန်တွင်  အင်ဂျင်နီယာကဏ္ဍနှင့် သိပ္ပံပညာကဏ္ဍတို့တွင် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုအဓိကပစ်မှတ်ထားကာစည်းရုံးရေးဆင်းခဲ့ကြောင်း၊ အချို့သည် အမေရိကန် ကာကွယ်ရေးလုပ်ငန်းများတွင် ကန်ထရိုက်ရရှိထားသူများဖြစ်ကြောင်းသိရသည်။ 
    မစ္စတာဂျီသည် ၂၀၁၃  သြဂုတ်တွင်ကျောင်းသားဗီဇာဖြင့် အမေရိကန်သို့ ရောက်ရှိကာရှီကာဂိုရှိအီလီနွိုက်စ် နည်းပညာသိပ္ပံတွင် တက်ရောက်ခဲ့ပြီး ၂၀၁၅ တွင်  လျှပ်စစ်အင်ဂျင်နီယာမာစတာဘွဲ့ ရရှိခဲ့သည်။ 
    ၂၀၁၆ တွင် အမေရိကန် အရန်တပ်ဖွဲ့သို့ ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ပြီးခဲ့သည့် ခုနစ်နှစ်အတွင်းအခြားအစိုးရတစ်ရပ်ရပ်နှင့် အဆက်အသွယ်မရှိခဲ့ပါဟုအာမခံခဲ့သည်။ သို့သော်  နောက်ပိုင်းတွင် အထက်ပါ ထောက်လှမ်းရေးအဆင့်မြင့်အရာရှိတစ်ဦးနှင့် ဆက်နွှယ်နေမှု သံသယနှင့် ပတ်သက်ပြီးမစ္စတာဂျီသည် ကျေလည်အောင် ဖြေရှင်းပြနိုင်ခြင်းမရှိခဲ့ကြောင်း ရှေ့နေချုပ်ရုံးက ပြောသည်။