မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လင်မယားနှစ် ဦးကို ဓားဖြင့်ဝိုင်းခုတ် ထွက်ပြေးခဲ့သည်ဆို သူ များအနက်မှ တစ်ဦးကို ဖမ်းဆီးခဲ့ပြီး အမှုတွင်ပါဝင်သူများ ကိုသက်ဆိုင်ရာက ဆက်လက်စုံစမ်းလျက်ရှိသည်။
စက်တင်ဘာလ ၂၅ ရက် နံနက် ၉ နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ ဇော်ထွန်းမင်း(ခ)ဇော်ကြီး(၄၁) နှစ် နှင့်အတူ ဟိုက်ဂျက် အဖြူရောင်ယာဉ်ဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊စံပြအမဲစျေးသို့ ထွက်လာခဲ့သည်။
ထိုသို့ ထွက်လာစဉ် ၁၂၃ လမ်းထိပ်အရောက် နံပါတ်မသိယာဉ်(၃)စီးက ၎င်းတို့မောင်းနှင်လာသော ယာဉ်အား ရှေ့/နောက်ပိတ်ရပ်ပြီး အဆိုပါယာဉ်ပေါ်မှ ယခင်ကစကားများဖူးသော ဟူစိန်၊ ဟာဆန်း၊ အဘတ်စလီနှင့် အမည်မသိအမျိုးသား ၄ ဦးစုစုပေါင်းရဦး (စုံစမ်းဆဲ)တို့ ဆင်းလာကာဓားနှင့် ဝိုင်းခုတ်ခဲ့သည်။
ထို့ကြောင့် ၎င်းတို့နှစ်ဦးတွင်ဒဏ်ရာများ အသီးသီးရရှိပြီး ရန်ကုန်ပြည် သူ့ဆေးရုံးကြီး၌ အတွင်းလူနာ (စိုးရိမ်ရ)ဖြင့် တင်ပို့ခဲ့ရသဖြင့် ဟူစိန်ပါ(၇)ဦး ကို အရေးယူပေးပါရန်တိုင်ကြားခဲ့သည်။
မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း(ပ) ၅၀၇/ ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄အရ အမှုဖွင့်စုံစမ်းခဲ့သည်။
အမှုဖွင့်လှစ်ခဲ့ပြီးနောက် ဟူစိန်ကို စက်တင်ဘာ ၂၅ ရက် ည ၆ နာရီ ၄၅ မိနစ်အချိန်တွင် သက်ဆိုင်ရာက ဖမ်းဆီး ရမိပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

















