အင်တာနက်စာမျက်နှာများမှတစ်ဆင့်သော်လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း စုကြေးမဲများ လိမ်လည်မှုနှင့်ပတ်သက်ပြီး တရာရုံးတွင်ရင်ဆိုင် နေရသည့် အမှု ၇၆ မှု၊ ငွေပမာဏကျပ်သိန်းပေါင်း ၁၆çဝ၀ဝ ကျော် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက စက်တင်ဘာ ၂၆ ရက်၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောဆိုသည်။
တရားဝင်ဆောင်ရွက်ခွင့်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များတွင် ပြည်သူအချို့က စုမဲကိစ္စရပ်များအား လူကိုယ်တိုင်နှင့် အင်တာနက်စာမျက်နှာများ မှတစ်ဆင့်ကျယ်ပြန့်စွာ ဆောင်ရွက်နေခြင်း အပေါ် တရားဝင်ဆောင်ရွက်ခွင့် ရှိမရှိ သိရှိ လိုကြောင်း၊ မရှိပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စုမဲကိစ္စရပ်များ ကျယ်ပြန့် စွာလုပ်ဆောင်နေခြင်းအပေါ် တားဆီးနိုင်ရေး အတွက် မည်ကဲ့သို့ စီမံချက်ချအရေးယူလုပ် ဆောင် မည်ကိုသိရှိလိုကြောင်း ဒဂုံမြို့နယ်မဲ ဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။
တိုင်ကြားကအရေးယူမည်
"မြို့နယ်များမှာ ပြည်သူအချို့အနေနဲ့ စုမဲကိစ္စရပ်များကို လူကိုယ်တိုင်ဖြစ်စေ၊ အင် တာနက်စာမျက်နှာများမှတစ်ဆင့်ဖြစ်စေ ကျယ် ပြန့်စွာဆောင်ရွက်နေခြင်းဟာ သူတို့ရဲ့ အကျိုး စီးပွားရေးကိစ္စရပ်တွေအတွက် သူတို့အချင်းချင်း သဘောတူညီမှုတွေနဲ့ ကွန်ရက်သဖွယ် စုစည်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တရားမဝင် လုပ်ဆောင်နေခြင်းဖြစ်တဲ့အတွက် တရားဝင် ဆောင်ရွက်ခွင့်ရှိမရှိနဲ့ ပတ်သက်ပြီးတော့ တားမြစ်ပြဋ္ဌာန်းချက်များလည်း မရှိတာကို တွေ့ရပါတယ်။ သို့သော် တိုင်ကြားလာရင် ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးဥပဒအရ လည်းကောင်း ၊ ရာဇသတ်ကြီးဥပဒေအရသော် လည်းကောင်း အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါတယ်"ဟု ၎င်းက ပြောဆိုသည်။
အသိပညာပေး
လူကိုယ်တိုင် အင်တာနက်စာမျက်နှာများမှ အသုံးပြုပြီး ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ် များနှင့် စပ်လျဉ်းပြီး မှုခင်းဖြစ်ပွားမှု မရှိစေရေး အတွက် ပြည်သူများ မှုခင်းအသိပညာများရရှိ ရေးအတွက် သတင်းမီဒီယာများမှ မှုခင်းဖြစ်စဉ် များကိုဖော်ပြပြီး သိနိုင်ရန် ဆောင်ရွက်ခြင်း၊ ရန်ကုန်တိုင်းရဲတပ်ဖွဲ့၏ လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် အသိပညာပေးဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
စုံစမ်းပြီးမှလုပ်ဆောင်ရန်
ယင်းသို့ လုပ်ဆောင်နေသည့် အဖွဲ့အစည်း များကိုတွေ့ရှိပါက တရားဝင်ခွင့်ပြုထားသော အဖွဲ့အစည်း ဟုတ်မဟုတ် လုပ်ပိုင်ခွင့်ရှိမရှိ စုံစမ်းပြီးမှသာ ဆက်သွယ်လုပ်ဆောင်ရန် ပြည်သူများအား အသိပေးနှိုးဆော်မည်ဟု သိရသည်။















