စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့အနီးဗဟိုပြု၍ စက်တင်ဘာ ၂၇ ရက် နံနက် ၈ နာရီကျော်က အင်အားအနည်းငယ်မြေငလျင်တစ်ခု လူပ်ခတ်ခဲ့ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ထားသည်။
စက်တင်ဘာလ (၂၇) ရက် မြန်မာစံတော်ချိန် ၈ နာရီ၊ (၄၉)မိနစ်၊ (၅၅)စက္ကန့် အချိန်တွင် ဟားခါးမြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် မိုင်(၅၀)ခန့် ကွာဝေးသောမင်းကင်းမြို့၏ အနောက်တောင်ဘက်(၁၃)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော အဆိုပါမြေငလျင်လှုပ်ခဲ့ခြင်း ဖြစ်သည် ။
ယခုနှစ်ဆန်းပိုင်းတွင်မြေငလျင်များဆက်တိုက်လူပ်ခတ်ခဲ့ရာ ပြီးခဲ့သည့် ဇန်နဝါရီလတွင် အင်အားအသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၃၂ကြိမ်|ဖေဖော်ဝါရီလတွင်လည်း အင်အား အသင့်အတင့်နှင့်အင်အားနည်းမြေငလျင် ၁၃ကြိမ် မတ်လတွင်လည်း အင်အားအသင့် အတင့် နှင့်အင်အားနည်းမြေငလျင် ၁၀ကြိမ် နှင့်ဧပြီလတွင်လည်း အင်အားအသင့်အတင့် နှင့်အင်အားနည်း မြေငလျင် ၁၉ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း၊ မေလတွင်လည်း အင်အားအသင့်အတင့်နှင့် အင်အားအနည်းငယ်မြေငလျင် ၉ ကြိမ်လူပ်ခဲ့ကြောင်း၊ ဇွန်လတွင်လည်း အင်အားအသင့်အတင့်နှင့်အင်အားနည်း မြေငလျင် ၁၅ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း | ဇူလိုင်လတွင် လည်း အင်အားအသင့်အတင့်နှင့် အင်အားနည်းမြေငလျင် ၇ ကြိမ် မြောက် လှုပ်ခတ် ခဲ့ပြီဖြစ်ကြောင်း ၊ သြဂုတ်လတွင်လည်း အင်အားအနည်းငယ် နှင့်အင်အားအသင့် အတင့် မြေငလျင် ၈ ကြိမ်မြာက်လှုပ်ခတ်ခဲ့ကြောင်း ၊ ယခုလတွင် အင်အားနည်း မြေငလျင် ၇ ကြိမ်လှုပ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မူဦးစီးဌာနမှ သိရသည်။















