တရုတ်ဆန့်ကျင်ရေး သဘောထားနှင့် အာရှခေါင်းဆောင်များ

တရုတ်ဆန့်ကျင်ရေး သဘောထားနှင့် အာရှခေါင်းဆောင်များ

နယူးဒေလီ ” မွတ်စလင်လူဦးရေ အများဆုံးနေထိုင်သည့် အာရှနိုင်ငံ သုံးနိုင်ငံသည် တရုတ်၏ သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်းရန်ကတိဖြင့် မဲဆွယ်စည်းရုံးလှုပ်ရှားခဲ့သော ခေါင်းဆောင်များကို ရွေးကောက်ပွဲတွင် ရွေးချယ်ခဲ့ ကြသည်။ သို့ရာတွင် ဆန်းစစ်လေ့လာသူတို့ကမူ ကမ္ဘာ ပေါ်တွင် စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံး နိုင်ငံကြီးဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အခြေချ မှုကို လျော့ပါးရေးဆောင်ရွက်ရာမှာ လွယ်ကူလိမ့်မည် မဟုတ်ဟုဆိုသည်။

အကြောင်းမှာ ဒေါ်လာဘီလျံနှင့်ချီသော ဖွံ့ဖြိုးရေး လုပ်ငန်းစီမံကိန်းကြီးများမှာ လက်ရှိအခြေအနေတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသောကြောင့်ပင် ဖြစ်သည်။ များမကြာမီလများအတွင်းက ရွေးကောက်ပွဲတွင် မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့သူ မလေးရှားနိုင်ငံက အသက် ၉၀ ကျော်အရွယ် မဟာသီယာ မိုဟာမက်၊ ပါကစ္စတန်နိုင်ငံက ခရစ်ကက် အားကစားသမား အကျော်အမော် အမ်ရာခမ်နှင့် မော်လ်ဒိုက်ကျွန်းက ဝါရင့်အတိုက်အခံခေါင်းဆောင် လွှတ်တော်အမတ် အီဘရာဟင် မိုဟာမက်ဆိုလီတို့သည် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆောင်ရွက်နေသော ပိုးလမ်းမသစ် စီမံကိန်းအရ ဆိပ်ကမ်းများ၊ အဝေးပြေးလမ်းမများနှင့် အခြား ကုန်သွယ်ရေးနှင့်နှီးနွှယ်သည့် စီးပွားရေးအခြေခံများ တည်ဆောက်မှု တွင် အနှောင့်အယှက် အဟန့်အတားများ ဖြစ်လာနိုင် ပေသည်။

အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်အပါအဝင် နိုင်ငံများသည် ၎င်းတို့၏ သြဇာလွှမ်းမိုးမှု ယိုယွင်းပျက်စီးမည့်အရေးနှင့် လမ်းများအားလုံး ပေကျင်းမြို့တော်ဆီသို့ ဦးတည်မည့် တရုတ်ဗဟိုပြု ကမ္ဘာ့စနစ်ကြီးတစ်ရပ် တည်ဆောက်ရန်ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် တရုတ်ပြည်၏ အလုံးအရင်းဖြင့် စတင်ဆောင်ရွက်မှု များကို စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်။

သြဂုတ်လနှောင်းပိုင်းက ပေကျင်းမြို့တွင်ပြုလုပ်ခဲ့ သော ပိုးလမ်းမသစ် စီမံကိန်းကြီး၏ ငါးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် တရုတ်သမ္မတ ရှီကျင့်ဖျင် က အဆိုပါစီမံကိန်းသည် စီးပွားရေးလုပ်ငန်းသက်သက် ဖြစ်ပြီး ပထဝီနိုင်ငံရေးမဟုတ်ကြောင်း ပြောကြားခဲ့သည်။

"ဒီလုပ်ငန်းစီမံကိန်းတွေဟာ တရုတ်နိုင်ငံကနေ အလကားရတဲ့ အထောက်အပံ့တွေ မဟုတ်ပါဘူး။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ပဲဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းကို နှစ-်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ ဆောင်ရွက်ခြင်းတစ်မျိုးပါပဲ"ဟု ရှန်ဟိုင်းမြို့ နိုင်ငံခြား လေ့လာရေးသိပ္ပံ သုတေသီ ကျောက်ကန်ချင်းက ပြောကြားခဲ့သည်။

မလေးရှား၊ ပါကစ္စတန်နှင့် မော်လ်ဒိုက်နိုင်ငံတို့က အစိုးရအဖွဲ့သစ်များသည် အဆိုပါလုပ်ငန်းစီမံကိန်းကြီး တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ဆက်လက်မလိုအပ် တော့ဟု ယူဆပါက လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည်။ သို့ရာတွင် ၎င်းတို့သည် တရုတ်ပြည်ကို သင့်လျော်သော လျော်ကြေးများ ပေးဆပ်ရန် ပြင်ဆင်ထားသင့်သည်ဟု ကျောက်က ပြောကြားခဲ့သည်။ မလေးရှားနိုင်ငံ၏ မေလ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မဟာသီယာမိုဟာမက် က ဝန်ကြီးချုပ်နာဂျစ်နှင့် သူ့ဇနီးကို နိုင်ငံခြားခရီးသွားလာ ခွင့်ပိတ်ပင်ပြီး ၁ြြီ ကိစ္စကို စုံစမ်းစစ်ဆေးရန်ပြန်လည် အမှုဖွင့်ခဲ့သည်။

မဟာသီယာအစိုးရက တရုတ်ကျောထောက်နောက်ခံ ပြု၍ ဆောင်ရွက်ထားသော စွမ်းအင်ပိုက်လိုင်းနှင့် မလေးရှားကျွန်းဆွယ် အရှေ့ပိုင်း ရထားလမ်းစီမံကိန်းကို ဖျက်သိမ်းခဲ့သည်။ ပါကစ္စတန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် အမ်ရာခမ်ကလည်း ပိုးလမ်းမသစ်ကြီးတွင် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ပါကစ္စတန်အတွက် အကျိုးရှိမရှိ ဆန်းစစ်ခဲ့ပြီး ကန်ထရိုက်စာချုပ်များကို လူသိရှင်ကြားကြေညာမည်ဟု ဆိုသည်။

စက်တင်ဘာ ၂၃ ရက် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော မော်လ်ဒိုက်ခေါင်းဆောင် ဆိုလီသည် ကျွန်း၏ဖွံ့ဖြိုးမှုတွင် နောက်ကွယ်က ရင်းနှီးမြှုပ်နှံမှုများ သည် တရုတ်၏ သြဇာလွှမ်းမိုးမှုတိုးလာခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သော သမ္မတဟောင်း မိုဟာမက် နာရှစ်၏ မိတ်ဆွေဖြစ်သည်။ တရုတ်က ဆိုလီ၏အောင်ပွဲကို ဂုဏ်ပြုခဲ့ပြီး အစိုးရသစ်သည် ကုန်သွယ်ရေးမူဝါဒများကို လွတ်လပ်စွာဆက်လက်စွဲကိုင်သွားမည်ဟုမျှော်လင့်ကြောင်း ဖော်ပြခဲ့သည်။