နိုင်ငံတကာမှ ခေါင်းဆောင်များနှင့် သမ္မတများ တက်ရောက်ခဲ့သည့် စက်တင်ဘာ ၂၅ ရက်တွင် ပြုလုပ်ခဲ့သော ၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်နိုင်ငံ အင်အားကို ထုတ်ပြန်ပြောကြားခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ဗျူရိုကရေစီစနစ်မှ အမေရိကန်နိုင်ငံ ကင်းရှင်းကြောင်းနှင့် မျိုးချစ်ဝါဒ ထောက်ခံအားပေးကြောင်း အမေရိကန်သမ္မတ ထရမ့်က မိန့်ခွန်း ပြောကြားခဲ့သည်။
၂၀ဝ၉ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သော လုံခြုံရေးကောင်စီ အစည်းအဝေးများတွင် အမေရိကန်သမ္မတ အိုဘားမားက သဘာပတိအဖြစ် တာဝန်ယူခဲ့သည်။ သို့သော် စက်တင်ဘာ ၂၆ ရက်တွင် ပြုလုပ်မည့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထရမ့်က သဘာပတိအဖြစ် ပထမဆုံး တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။ လူကြည့်အများဆုံး ဖြစ်လာနိုင်သည့် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း အမေရိကန် ကုလသမဂ္ဂသံအမတ် နစ်ကီ ဟေလီက ပြောသည်။
မြောက်ကိုရီးယားနိုင်ငံ အမေရိကန်နိုင်ငံ နှစ်နိုင်ငံ နျူကလီးယား လက်နက်ရပ်စဲရေး ညှိနှိုင်းမှုတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ သတ္တိကို ယခု ကုလသမဂ္ဂအထွေထွေညီလာခံတွင် အမေရိကန်သမ္မတ ထရမ့်က ချီးကျူးခဲ့သည်။ ထို့ပြင် အီရန်နိုင်ငံကို ဖရိုဖရဲအခြေအနေ၊ လူသေဆုံးမှုနှင့် ပျက်စီးခြင်းတို့ကို လှုံ့ဆော်နေသော အကျင့်ပျက် အာဏာရှင်အစိုးရဟု ဝေဖန်ခဲ့သည်။ ထို့နောက် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်နိုင်ငံများကို အီရန်နိုင်ငံက ဆန့်ကျင်ပါက နိုင်ငံခြားရန်ပုံငွေ ထောက်ပံ့သွားမည်မဟုတ်ဟု အမေရိကန်နိုင်ငံတွင် ထရမ့် အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘော်လ်တန်က ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံက အီရန်အစိုးရကို ဖြုတ်ချရန် ကြိုးစားနေပြီး အီရန်နိုင်ငံကို ဆန့်ကျင်ပြီး စီးပွားရေးစစ်ပွဲ ဖြစ်ပွားနေချင်ကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံတွင် အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက "အရှေ့အလယ်ပိုင်းဒေသတွင် အီရန်နိုင်ငံ မတည်ငြိမ်မှုနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများ" ခေါင်းစဉ်အောက်တွင် ပြောကြားခဲ့သည်။ အီရန်နိုင်ငံနှင့် ချုပ်ဆိုသည့် ၂၀၁၅ ခုနှစ် နိုင်ငံပေါင်းစုံ နျူကလီးယားသဘောတူညီချက်တွင် အမေရိကန်သမ္မတထရမ့်က ရုပ်သိမ်းခဲ့ပြီးနောက် အဆိုပါသဘောတူညီချက်တွင် ဖြေလျှော့ပေးထားသော ပိတ်ဆို့အရေးယူမှုများကို ပြန်လည် ချမှတ်ခဲ့သည်။ ထရမ့်၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး အီရန်နိုင်ငံနှင့် ရုရှားနိုင်ငံ ကောင်စီအဖွဲ့ဝင်က နျူကလီးယား သဘောတူညီချက်ကို အမေရိကန် ရုပ်သိမ်းမှုကို အဓိကထား ဆွေးနွေးသင့်သည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုနောက် အစုလိုက်အပြုံလိုက် ပျက်စီးစေနိုင်သော လက်နက်ပြန့်ပွားမှုအထိ အမေရိကန်နိုင်ငံက ချဲ့ထွင်ပြောကြားခဲ့သည်။ ထို့ပြင် အမေရိကန်နိုင်ငံကို လေးစားမှုမရှိသော နိုင်ငံများကို နိုင်ငံခြားရန်ပုံငွေ ထောက်ပံ့မှု ရပ်ဆိုင်းသွားမည်ဟု အမေရိကန်သမ္မတထရမ့်က ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်း ထရမ့်၏ အမေရိကန်ပထမဦးစားပေး မူဝါဒဖြင့် အမေရိကန်နိုင်ငံခြားရန်ပုံငွေ မူဝါဒကို စစ်ဆေးသုံးသပ်ရန်နှင့် ၂၀၂၀ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရန်ပုံငွေ ဦးစားပေးသတ်မှတ်ချက်များကို ညှိနှိုင်းရန် အမျိုးသားလုံခြုံရေးကောင်စီမှ အကြီးတန်း အကြီးအကဲ ကယ်လ်ဗင် ဟာရင်တန်က ဦးဆောင်ခဲ့သည်။
ထိုသို့ စစ်ဆေးသုံးသပ်ရန် လုပ်ဆောင်ရာတွင် ၎င်း၏ စီမံချက်များမှာ ရှေ့နောက်မညီ ကွာခြားနေပြီး တရုတ်နိုင်ငံကို သြဇာလွှမ်းမိုးမှုကို ရပ်တန့်စေနိုင်သော အကြောင်းပြချက်များဖြင့် ပင်တဂွန်၊ အစိုးရနှင့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ၏ အတိုက်အခံလုပ်မှုကို ကယ်လ်ဗင် ဟာရင်တန်က ရင်ဆိုင်ခဲ့ရသည်။ အမေရိကန်သမ္မတထရမ့် မိန့်ခွန်းပြောကြားစဉ် ကမ္ဘာ့ခေါင်းဆောင်များက ဝိုင်းရယ်ခဲ့ကြသေးသည်။ ၎င်း၏ သမ္မတသက်တမ်းတွင် အမေရိကန်နိုင်ငံ စီးပွားရေး တစ်ခါမှ မကြုံဖူးအောင် ကြီးထွားတိုးတက်လာခဲ့ပြီး အခြားအစိုးရနှင့် လွန်ခဲ့သည့် နှစ်နှစ်တွင် နိုင်ငံ့အကျိုးကို ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

















