တရုတ် ရေတပ်ဆေးရုံသင်္ဘော ဆိုက်ကပ်

တရုတ် ရေတပ်ဆေးရုံသင်္ဘော ဆိုက်ကပ်

လာဂွီရာ  (ဗင်နီဇွဲလား) ” ရေနံရောင်းနိုင်ငံများ (အိုပက်) အဖွဲ့ဝင် ဗင်နီဇွဲလားနိုင်ငံတွင် စီးပွားရေးအကျပ်အတည်း ကြုံရမှု အခြေအနေပိုမိုဆိုးရွားလာပြီး အမေရိကန်ပြည် ထောင်စုနှင့် အခြား အင်အားကြီးနိုင်ငံများက အာရုံစိုက် နေချိန်တွင် တရုတ်ရေတပ် ဆေးရုံသင်္ဘောတစ်စင်းသည် ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကာ့စ်အနီး ဆိပ်ကမ်းသို့ စက်တင်ဘာ ၂၂ ရက်က ရောက်ရှိလာခဲ့သည်။

၂၀၁၈ ခုနှစ် ဇွန်လတွင် ကြေညာခဲ့သည့် ၁၁ နိုင်ငံ လှည့်လည်ရေး "သဟဇာတခရီးစဉ်"  (Mission Harmony)၏ တစ်စိတ်တစ်ပိုင်းအဖြစ် နောက်ဆုံးရပ်နားသည့် တရုတ်ပြည်သူ့တပ်မတော် ရေတပ်၏သင်္ဘော ွှ့န ဏနခေန ဗမု ကို ကာကွယ်ရေးဝန်ကြီး ဗလက်ဒီမာ ပါဒရိုနို က ကြိုဆိုခဲ့သည်။ စစ်လိုလားသူများ၏ မမှန်ကန်သော လှုံ့ဆော်သံများကို ပူးပေါင်းဆောင်ရွက်မှု၏ မဖော်ကျူးဘဲ ခိုင်မာသော လုပ်ရပ်များဖြင့် သံခင်းတမန်ခင်းကို တာဝန်ယူကြိုဆိုခဲ့ခြင်းဖြစ်သည်ဟု ပါဒရီနိုက ဆိုသည်။

အစားအစာနှင့် ဆေးဝါးပြတ်လပ်မှုများကြောင့် နေထိုင်ရာဒေသများမှ ထွက်ပြေး၍ ရွှေ့ပြောင်းလာသော ဗင်နီဇွဲလားပြည်သူများအတွက် အခမဲ့ ဆေးကုသမှုပေးရန် အိမ်နီးချင်းနိုင်ငံ ကိုလံဘီယာသို့ ပင်တဂွန်၏ ဆေးရုံ သင်္ဘောThe USNs Comfort ကို စေလွှတ်နေသည်ဟု သြဂုတ်လတွင် ၎င်းကကြေညာခဲ့သည်။

သမ္မတ နီကိုလာ့စ် မာဒူရို၏ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းခြင်းကို ဖြေရှင်းပေးရန် အမေရိကန်က သင်္ဘော စေလွှတ်ခြင်းသည် လူသားချင်းစာနာထောက်ထားသည့် မစ်ရှင်တစ်ခုဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးကဆိုသည်။ ၂ ဒသမ ၃ သန်းရှိ ဗင်နီဇွဲလား နိုင်ငံသားများသည် စီးပွားရေးကပ်ဆိုက်ပြီး ချွတ်ခြုံကျနေသောနိုင်ငံမှ မကြာမီနှစ်များက အထူးသဖြင့် ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူးနှင့် ဘရာဇီးလ်နိုင်ငံများသို့ ထွက်ပြေးခဲ့ကြောင်း ကုလသမဂ္ဂကဆိုသည်။ Comfort ကို အသုံးချမှုသည် လူသားချင်း စာနာထောက်ထားမှု အကြောင်းပြချက်ဖြင့် အမေရိကန်က စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုကို လမ်းဖွင့်ပေးသည့် ကြိုးပမ်းမှုတစ်ရပ်ဟု ဗင်နီဇွဲလား၏ ထိပ်တန်းအရာရှိများက မြင်သည်။

တရုတ်သင်္ဘော၏ ခရီးစဉ်သည် အစိုးရ၏ မဟာဗျူဟာ ဆိုင်ရာ ကာကွယ်ရေးစစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ပါဒရီနိုက စက်တင်ဘာ ၂၂ ရက်၌ ဆိုသည်။

ကမ္ဘာအနှံ့ Peace Ark ၏ လူသားချင်းစာနာ ထောက်ထားမှု ခရီးစဉ်များသည် တရုတ်နိုင်ငံက မိမိ နိုင်ငံကိုကျော်၍ ကမ်းလင့်ထောက်ကူခြင်း ကြိုးပမ်းမှု များ၏ လက္ခဏာတစ်ခုဖြစ်ပြီး ၎င်း၏ ပြည်ပတွင် စစ်သြဇာလွှမ်းမိုးမှုကို ဖြည်းဖြည်းချင်း ချဲ့ထွင်မည့် ရည်မှန်းချက်ဖြစ်သည်။

ထိုသင်္ဘောတွင် ခုတင် ၃၀ဝ၊ ခွဲစိတ်ခန်း ရှစ်ခန်း၊ ဆေးကုသမှုဆိုင်ရာ ရဟတ်ယာဉ်တစ်စင်းရှိပြီး ၂၀ဝ၈ ခုနှစ်၌ တာဝန်ပေးစဉ်ကတည်းက နိုင်ငံပေါင်း ၄၀ ကျော်မှ လူ ၁၈၀,ဝ၀ဝ ကျော်ကို အခမဲ့ဆေးကုသမှု ပေးခဲ့သည်။

တရုတ်သင်္ဘောသည် လက်တင်အမေရိကသို့ မလာ ရောက်မီ ၂၀၁၁ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တွင် နှစ်ကြိမ် လာရောက်ခဲ့သော်လည်း ဗင်နီဇွဲလားတွင် မရပ်နားခဲ့ပေ။

တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ငွေကြေးမတည်ငြိမ်  မှုအသစ်များကို ရှာဖွေခဲ့ပြီး တရုတ်ပြည်မှ လွန်ခဲ့သော သီတင်းပတ်၌ ပြန်လာခဲ့သည်။ မာဒူရိုက သင်္ဘောသည် ဗင်နီဇွဲလား၌ တစ်ပတ်ရပ်နားမည်ဟု ၎င်း၏ တွစ်တာ စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။