ကမ္ဘာ့ကုန်သွယ်ရေးစနစ် ပြိုလဲသွားနိုင်တယ်

ကမ္ဘာ့ကုန်သွယ်ရေးစနစ် ပြိုလဲသွားနိုင်တယ်

ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်းဟာ ကမ္ဘာ တစ်ဝန်း စည်းမျဉ်းအခြေခံတဲ့ ကုန်သွယ်ရေး စနစ်ရဲ့ မျက်နှာပြင်အောက်မှာ အလုပ်လုပ်တဲ့ သဘောရှိတာကြောင့် မရှိမဖြစ်ကဏ္ဍအနေနဲ့ ပါဝင်တာကို လူတွေက အလွယ်တကူမေ့သွား နိုင်ကြတယ်။ အခုတော့ ဒီအဖွဲ့အစည်းကို ထရမ့်အစိုးရက တိတ်ဆိတ်ငြိမ်သက်စွာနဲ့ စစ်ဆင်နွှဲနေတာကြောင့် နိုင်ငံတကာအသိုင်း အဝိုင်းက ကွယ်ကာရလို့ အလေးမမူတာမျိုး လုပ်နေတာကို ရပ်ဖို့လိုလာပြီဖြစ်တယ်။

Lehman Brothers ကုမ္ပဏီကြီး ပြိုကွဲသွားပြီး ၁၀ နှစ်အကြာမှာ ကျွန်တော်တို့သိလာတာက ပထမစီးပွားရေးကျဆင်းမှုလို့ ခေါ်တဲ့ စီးပွားရေးကပ်ကြီးကို ကာကွယ်ဖို့ ဘက်ပေါင်း စုံအရေးယူဆောင်ရွက်မှုဟာ အလွန်အရေးပါ တာကို ကျွန်တော်တို့ သိလာကြတယ်။ အဲဒီ အချိန်တုန်းကဆိုရင် ကမ္ဘာ့ငွေကြေးစနစ်ဟာ ယိမ်းထိုးယိမ်းယိုင် ဖြစ်ခဲ့တယ်။ ဒီနေ့မှာတော့ ကမ္ဘာ့ကုန်သွယ်ရေးစနစ်ဟာ အန္တရာယ်ရှိနေတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ အထိ နျူကလီးယားလက်နက်ဖျက်သိမ်းရေး ဘက်ပေါင်းစုံ သဘောတူညီမှုဝါဒဟာ ကမ္ဘာအတွက် အသုံး ဝင်ခဲ့တယ်။ သူ့ကြောင့် ဂုဏ်ယူစရာကတော့  အမေရိကန်ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဒဏ်ခတ်တာနဲ့ စစ်လျော်ကြေးပေးတာတွေကို ရှောင်ကြဉ်ခဲ့တယ်။ အဲဒါတင်မကသေးဘူး အမေရိကန်ဟာ အဓိကကျတဲ့ စီးပွားရေး အဖွဲ့အစည်းသုံးခုကို တည်ထောင်ရာမှာ ဦးဆောင်လမ်းပြပေးရာမှာ ဒီကနေ့အထိ တည်ရှိနေတဲ့ နိုင်ငံတကာ စီးပွားရေးစနစ်ကို အခြေခံနေဆဲဖြစ်တယ်။ ဒီသုံးခုကတော့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ဘဏ်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ အကောက်ခွန် ဆိုင်ရာ အထွေထွေသဘောတူညီချက် (GATT)  အဖွဲ့တို့ဖြစ်ကြတယ်။

ဒီအဖွဲ့အစည်း တစ်ခုချင်းစီဟာ ကမ္ဘာ့ စီးပွားရေးကြီးထွားမှုအတွက် သိသာထင်ရှား တဲ့ ပါဝင်ဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့WTO ကတော့ အလုပ်ဆုံးပဲဖြစ်တယ်။GATT/WTO လက်အောက်မှာ ဘက်ပေါင်းစုံကုန်သွယ်မှု စနစ်ကြောင့် ကုန်သွယ်မှုဟာ ဒုတိယကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာတစ်ဝန်း ပြည်တွင်းထွက် ကုန်တန်ဖိုး (ဂျီဒီပီ) ထက် ၁ ဒသမ ၅ ဆ ပိုမိုမြန်ဆန်စွာ ကြီးထွားခဲ့တယ်။

WTO ကို ခြိမ်းခြောက်မှုတွေဟာ တိုးလာနေတယ်။ အများစုကတော့ ဒီအဖွဲ့အစည်းရဲ့ အရေးပါမှုကို လျော့ကျအောင် ထရမ့်အစိုးရက ကြိုးပမ်းနေတာပဲဖြစ်တယ်...

စစ်ပြီးခေတ်ကာလတစ်လျှောက် နျူကလီး ယားလက်နက်ဖျက်သိမ်းရေး ဘက်ပေါင်းစုံ သဘောတူညီမှုဝါဒဟာ အရေးပါခဲ့သလို အခုလည်း လျော့သွားတာမရှိပေမဲ့WTO ကို ခြိမ်းခြောက်မှုတွေဟာ တိုးလာနေတယ်။ အများစုကတော့ ဒီအဖွဲ့အစည်းရဲ့ အရေးပါမှုကို လျော့ကျအောင် ထရမ့်အစိုးရက ကြိုးပမ်းနေတာပဲဖြစ်တယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်က ငွေကြေးပြဿနာ စခဲ့တုန်းအချိန်က နိုင်ငံတွေဟာ ၁၉၃၀ ပြည့်နှစ်တွေနဲ့ အခြားစစ်ပြီးခေတ် စီးပွားရေး ကျဆင်းမှု အခြေအနေအတွင်းဖြစ်ခဲ့သလို နိုင်ငံတွေဟာ ကုန်သွယ်မှုအတားအဆီးသစ် တွေကို စိုက်ထူကြလိမ့်မယ်လို့ လူအတော်များများတို့က စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့WTO နဲ့G-20 တို့က ဝင်ရောက်ကာ ဘက်ပေါင်းစုံ ကြိုးပမ်းမှု အဆင်ပြေအောင် လုပ်ခဲ့တာ ကြောင့် ကုန်သွယ်မှုကန့်သတ်ချက် အတော် များများကို ရှောင်ရှားနိုင်ခဲ့တယ်။ ကမ္ဘာ တစ်ဝန်း ကုန်သွယ်မှုပမာဏဟာ ထင် သလောက် ယုတ်လျော့သွားတာမျိုး မရှိဘဲ ၂၀၁၁ ခုနှစ်မှာ ပြဿနာမတိုင်မီအဆင့်သို့ ပြန်ရောက်ခဲ့တယ်။

WTO အဖွဲ့ဝင် ၁၆၄ နိုင်ငံဟာ အဲဒီစနစ်ကြီးထွားဖို့အတွက် အဘက်ဘက်က အားပေးထောက်ပံ့ဖို့ ကတိပြုထားကြတယ်။

WTO အဖွဲ့ရဲ့ စည်းကမ်းတွေအရ နိုင်ငံတကာကုန်သွယ်မှု ကုမ္ပဏီတွေဟာ ပြည်တွင်းက ကုမ္ပဏီတွေအတိုင်း ထိန်းချုပ်မှုတွေကိုလိုက်နာကြရတယ်။ ကုန်သွယ်မှုမိတ်ဖက် တရားရုံးတွေမှာလည်း တူညီတဲ့အခွင့်အရေး တွေရရှိကြတယ်။ အစိုးရတွေဟာ တခြားWTOအဖွဲ့ဝင်တွေကို ခွဲခြားဆက်ဆံမှုမလုပ်ကြရ ဘူး။ ဆိုလိုတာက ကုန်သွယ်မိတ်ဖက် အတွက် အကျိုးဟာ အများအတွက်ကိုရှိရမှာ ဖြစ်တယ်။ အခွန်စည်းကြပ်မှုတွေကို အခြေအနေတစ်ခုပေါ်မှာသာ ခွင့်ပြုထား တယ်။ စည်းကမ်းဖောက်ဖျက်မှုများ အစွပ်အစွဲခံရရင်လည်းWTO အဖွဲ့ရဲ့Dispute Settlement Body ထံ ရည်ညွှန်းပေးတယ်။

စတည်ထောင်ခဲ့တဲ့ အချိန်ကတည်းက ခွဲခြားဆက်ဆံခြင်းမရှိရမူ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုစနစ်ရဲ့ ဝါဒရေးရာ ရေသောက်မြစ် ဖြစ်တယ်။ ကုန်သွယ်ရေး ကုမ္ပဏီတွေဟာလည်း ညီညွတ်မျှတတဲ့ ထိန်းချုပ်မှုစည်းကမ်း နဲ့ တရားရေးဆိုင်ရာ ခံစားမှုတို့အတွက် အဖွဲ့ဝင်အစိုးရတွေဟာ အာမခံချက်ရရှိထား တယ်။ ဒီပြဋ္ဌာန်းချက်တွေဟာ အမှန်တကယ် ဘက်ပေါင်းစုံပါဝင်မှုကို ဖြစ်စေတယ်။

WTO အဖွဲ့ရဲ့ ဘောင်အတွင်းမှာ အများဆုံးအရေးပေးခံရတဲ့ နိုင်ငံတွေ (MFN)ရဲ့မူက တန်းတူရှိတဲ့ နိုင်ငံတွေကြား ဘက်ပေါင်းစုံ ကုန်သွယ်မှု ညှိနှိုင်းမှုတွေကို ခွင့်ပြုတယ်။ ဒီလို ညှိနှိုင်းမှုမျိုးတွေမှ တိုးတက်နေတဲ့ နိုင်ငံ တွေကြား ထုတ်ကုန်ပစ္စည်းအပေါ် ပျမ်းမျှ အခွန်စည်းကြပ်မှုဟာ ၁၉၄၀ ပြည့်နှစ်တွေ နှောင်းပိုင်းမှာ ၄၀ ရာခိုင်နှုန်းကျော်မှ အခုအချိန်မှာ လေးရာခိုင်နှုန်းဝန်းကျင်သာ ရှိတာကြောင့် အဖွဲ့ဝင်တွေအတွက် အကျိုးရှိ လာတယ်။

WTO အဖွဲ့ရဲ့ အငြင်းအခုံဖြေရှင်းတဲ့ ယန္တရားDSM ဟာလည်း ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုအတွက် အခရာဖြစ်တယ်။ ကုန်သွယ်မိတ်ဖက်တစ်ဦးဟာ နှစ်ဦးနှစ်ဖက် သဘောတူညီထားတဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်နေတယ်လို့ နိုင်ငံတစ်နိုင်ငံရဲ့ အာဏာပိုင်တွေက ယုံကြည်တယ်ဆိုရင် သူတို့က ဒီအမှုကိုWTO  အဖွဲ့ကို တင်ပြလို့ရတယ်။

နှစ်ဖက်စလုံးက အခြေအတင် ပြောဆိုမှု တွေကိုWTO  အဖွဲ့ ခုံသမာဓိအဖွဲ့က စဉ်းစားကာ သင့်တော်တဲ့အချိန်မှာ ပြစ်ဒဏ်တွေ ချမှတ်မှာဖြစ်တယ်။ အမေရိကန်ဆိုရင် သူတင်ပြခဲ့တဲ့ အငြင်းပွားမှုပြေလည်ရေး အမှုတွေ ၉၀ ရာခိုင်နှုန်းကျော်တို့ကို နိုင်ခဲ့ပြီးဖြစ်တယ်။

စက်နာရီရဲ့ ပင်မသံပတ်လိုပဲWTO  အဖွဲ့ ကလည်း ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုစနစ်ရဲ့ အတွင်းလုပ်ငန်းတွေကို လုပ်တယ်။ မမြင်ရ ပေမဲ့ စက်ယန္တရား လှုပ်ရှားနေဖို့အတွက် လုံးဝလိုအပ်တယ်။

WTO  အဖွဲ့ရဲ့ အလွန်အရေးပါတဲ့ ကြားထဲ က အားနည်းစေဖို့ ဖြစ်ပေါ်လာတယ်။ လတ်တလော ခြိမ်းခြောက်မှုကတော့DSMကိုပဲဖြစ်တယ်။ အယူခံဝင်တာကို ကြားနာဖို့ အတွက် အနည်းဆုံး တရားသူကြီးသုံးဦး လိုအပ်တယ်။ ဒါပေမဲ့ သက်တမ်းကုန်ဆုံးမယ့် သူတွေကို အစားထိုးဖို့ အဆိုပြုခံရသူတွေကို ထရမ့်အစိုးရက ဟန့်တားပိတ်ပင်နေတယ်။ အစည်းအဝေး အထမြောက်ဖို့ အနည်းဆုံး လိုတဲ့လူဦးရေမရှိရင် အသနားခံမယ့်အမှုတွေ မကြားနာနိုင်တာကြောင့် တချို့နိုင်ငံတွေ အနေနဲ့WTO  အဖွဲ့ရဲ့ စည်းကမ်းတွေကို ဒဏ်ခတ်မခံရတဲ့အတွက် စတင်ချိုးဖောက် နိုင်တယ်။

WTO အဖွဲ့ ကန့်သတ်ချက်အပေါ် သိသာတဲ့ ခြိမ်းခြောက်မှု နောက်တစ်ခုကတော့ သံမဏိနဲ့ အလူမီနီယံသွင်းကုန်အပေါ် ခွဲခြားဆက်ဆံတဲ့ အခွန်စည်းကြပ်မှုတွေကို တရားမျှတတယ်ဆိုတာပြဖို့ ထရမ့်အစိုးရရဲ့ အမျိုးသားလုံခြုံရေးပြဋ္ဌာန်းချက်တွေကို အသုံးပြုခြင်းပဲ ဖြစ်တယ်။ 

သိသာတာကတော့ အမေရိကန်ဟာ မဟာမိတ်တွေဖြစ်ကြတဲ့ ကနေဒါ၊ သို့မဟုတ် ဂျပန်နိုင်ငံတို့က အမှန်တကယ် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုရင်ဆိုင်နေရတာ မဟုတ်တဲ့အတွက် အခွန်စည်းကြပ်မှုတွေဟာ WTO  အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ဥပဒေအရရော၊ အနှစ်သာရကိုပါ ချိုးဖောက်နေတဲ့ အဓိပ္ပာယ်ရောက်တယ်။

အမေရိကန်ရဲ့ စည်းကြပ်ခွန်တွေဟာ ကမ္ဘာတစ်ဝန်း ကြီးထွားမှုကို ထိခိုက်စေပြီးWTO  အဖွဲ့ကို အားနည်းစေခဲ့တယ်။ နယ်နိမိတ်ကူးတဲ့ ထောက်ပံ့ အဆက်အသွယ်တွေနဲ့ တိုးလာတဲ့ နိုင်ငံတွေအကြား ဆက်နွှယ်မှု ရှိနေကြတဲ့ ကမ္ဘာမှာ မလိုအပ်တဲ့ သံနဲ့ သံမဏိထုတ်လုပ်မှု ပျက်ပြားမှုဟာ ပို့ကုန်နိုင်ငံတွေမှာ သာ ထုတ်လုပ်မှု လျော့စေမှာမဟုတ်တဲ့အပြင် အမေရိကန်မှာလည်း အလားတူသက်ရောက် မှုရှိလိမ့်မယ်။ တခြားနိုင်ငံတွေက လက်တုံ့ပြန်နိုင်ခြေ ရှိတာကြောင့်လည်း ပိုပြီး အန္တရာယ်များတယ်။

သမ္မတ ထရမ့်ရဲ့ ကြေညာထားတဲ့ ပန်းတိုင်ဖြစ်တဲ့ အမေရိကန်ရဲ့ နှစ်ဦးနှစ်ဖက် ကုန်သွယ်မှုမှာ တစ်ဖက်စောင်းနင်း ဖြစ်တာတွေ လျော့ပါးရေးအတွက် ခွဲခြားဆက်ဆံတဲ့ အခွန်စည်းကြပ်မှုတွေဟာ အောင်မြင်မှာမဟုတ်ဘူး။ နိုင်ငံရဲ့ လက်ရှိ စာရင်းလက်ကျန်ငွေဟာ ထိုနိုင်ငံရဲ့ ပြည်တွင်းငွေစုဆောင်းမှု (အများနဲ့ပုဂ္ဂလိက) နဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရဲ့ ကွာဟမှုပဲ။ ငွေ စုဆောင်းမှုတွေ တိုးလာရင်၊ သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု ကျဆင်းသွားရင် လက်ရှိ ငွေစာရင်းကွာဟမှုကို ကျဉ်းမြောင်းလာအောင် လုပ်လို့မရဘူး။

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာတစ်ဝန်းစီးပွားရေး ကြီးထွားလာမှုရဲ့ အဓိကကျတဲ့ နိုင်ငံတကာ ကုန်သွယ်မှုကို အခြေအနေ ယိမ်းယိုင်အောင်လုပ်တဲ့ ဘယ်ကြိုးပမ်းမှုမျိုး မဆိုဟာ ထရမ့်ရဲ့ နိုင်ငံရေးအခြေခံဖြစ်တဲ့ အလုပ်သမားလူတန်းစား အပါအဝင် လူတိုင်း ကိုမလွဲမသွေ မြင့်မားတဲ့ ကုန်ကျစရိတ်တွေကို ဖြစ်စေမယ်။ အမေရိကန်အလွန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အချိန်ရှိတုန်း ထရမ့်ကိုရင်ဆိုင်ကာ ပွင့်လင်းပြီး ဘက်စုံပါဝင်တဲ့ စနစ်ရဲ့ မူတွေကို ထပ်လောင်းအတည်ပြုရမှာ ဖြစ်တယ်။ 

(ဤဆောင်းပါးသည်။ Anne O. Krueger  ၏ အာဘော်သာဖြစ်သည်။ သူသည် ကမ္ဘာ့ဘဏ်စီးပွားရေး ပါရဂူဟောင်းနှင့်IMF  ၏ ပထမလက်ထောက် ဦးဆောင်ညွှန်ကြားရေးမ·း ဟောင်းဖြစ်ပြီးJohn Hopkinsတက္ကသိုလ် အကြီးတန်း သုတေသနပါမောက္ခနှင့် ှအညေ်သမိ တက္ကသိုလ်Centre for International Development  ၏ အဖွဲ့ဝင်လူကြီးဖြစ်သည်။)