ဗိုလ်ကြီးအယောင်ဆောင်ကာ မိန်းမတောင်းရမ်းသူကို ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြင့် အရေးယူ

ဗိုလ်ကြီးအယောင်ဆောင်ကာ မိန်းမတောင်းရမ်းသူကို ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြင့် အရေးယူ

မိုးညှင်းမြို့နယ်တွင် ဗိုလ်ကြီးအယောင်ဆောင်ကာ မိန်းမလာရောက်တောင်းရမ်းသူကို သက်ဆိုင်ရာက ပြည်သူ့ဝန်ထမ်းအယောင်ဆောင်မှုဖြင့် စက်တင်ဘာ ၂၆ ရက်တွင် ဖမ်းဆီးခဲ့သည်။
 

အဆိုပါနေ့ ညနေ ၅ နာရီ ၁၅ အချိန်ခန့်တွင်  မိုးညှင်းမြို့နယ် အလယ် တော ကျေး ရွာနေ အမျိုးသမီးတစ်ဦးအား တပ်မတော်မှဗိုလ်ကြီး တစ်ဦးက လာရောက် တောင်းရမ်း နေ ကြောင်း သတင်းအရ ခမရ(၃၈၅) တပ်မတော်သားများက သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါနေအိမ်တွင် စစ်ယူနီဖောင်းဝတ်ဆင်ထားသူ ဗိုလ်ကြီးထူးမြတ်ဝင်း(ခ)မင်းမင်း(၃၀)နှစ်ကို တွေ့ရပြီး ၄င်းကိုမေးမြန်းရာ ရပခ(ဦးစီး-တ-ရေး ၃)မှဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ခမရ(၃၈၅) တပ်မတော်သားများက ရပခသို့ ဖုန်းဆက်မေးမြန်းရာ အဆိုပါအမည်/ရာထူးဖြင့် အရာရှိမှာ ၎င်းတို့တိုင်းဌာနချုပ်တွင် မရှိကြောင်းစစ်ဆေးသိရှိခဲ့ရသဖြင့် ထူးမြတ်ဝင်း (ခ)မင်းမင်း ကို အရေးယူပေးရန်တိုင်ကြားခဲ့သည်။

နန်းမားနယ်မြေရဲစခန်း (ပ)၁၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၁၄၀/၁၇၀ အရ အမှုဖွင့်အရေးယူထားသည်။