ကွတ်ခိုင်မြို့နယ်တွင် နယ်မြေရှင်းလင်းစဉ် ထိန်းချုပ်ဓာတုဆေးဝါးများတွေ့ရှိ

ကွတ်ခိုင်မြို့နယ်တွင် နယ်မြေရှင်းလင်းစဉ် ထိန်းချုပ်ဓာတုဆေးဝါးများတွေ့ရှိ

ကွတ်ခိုင်မြို့နယ်တွင် တပ်မတော်သားများက နယ်မြေရှင်းလင်းစဉ် စက်တင်ဘာ ၂၆ ရက်က မူးယစ် ဆေး ဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုဆေးဝါးများသိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ နံနက် ၉ နာရီ အချိန်တွင် ကွတ်ခိုင်မြို့နယ်၊ နောင်ရမ်း ကျေးရွာအနီး တောစပ်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်မတော်သားများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် အီသိုင်းအီသာ ၂၁,၆၀ဝ လီတာ၊  အက်စီတုန်း ၁,၂၀ဝ လီတာ နှင့် CAUSTIC SODA FLAKES စာတမ်းပါ ပီနံအိတ်အတွင်းထည့်လျက် ဆိုဒီယမ်ဟိုက်ဒရောဆိုဒ် ၄၀ဝ ကီလိုနှင့် သံပီပါခွံ အလုံး ၁၈၀  တို့ကို လည်းကောင်း၊ အလားတူ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ကွတ်ခိုင် မန်ပြိန်းကျေးရွာအနီးတောစပ်တွင် အီသိုင်း အီသာ အီသိုင်းအီသာ ၁,၄၄၀လီတာ၊ သံပီပါ ၁၂ လုံးတို့ကို လည်းကောင်း တွေ့ရှိခဲ့သည်။

သက်ဆိုင်ရာက အဆိုပါပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားသည်။