မွေးရာပါစကားမပြောနိုင်သည့် အသက် ၁၂ အရွယ်မိန်းကလေးကို အခန်းချင်းကပ်လျက်နေသူက ဓမ္မတာနှင့်ဆန်ကျင် အဓမ္မပြုကျင့်ခဲ့သည်ဟုဆို

မွေးရာပါစကားမပြောနိုင်သည့် အသက် ၁၂ အရွယ်မိန်းကလေးကို အခန်းချင်းကပ်လျက်နေသူက ဓမ္မတာနှင့်ဆန်ကျင် အဓမ္မပြုကျင့်ခဲ့သည်ဟုဆို

မြောက်ဥက္ကလာပမြို့နယ်တွင် မွေးရာပါစကားမပြောနိုင်သည့် အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို အခန်းချင်းကပ်လျက်နေထိုင်သူက ဓမ္မတာနှင့်ဆန်ကျင်ကာ အဓမ္မပြုကျင့်ခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၂၆ ရက်တွင် အမှုဖွင့် အရေးယူထားသည်။

စက်တင်ဘာ ၂၅ ရက် ညသန်းခေါင်းကျော်  ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မြောက်ဥက္ကလာ ပမြို့နယ်နေ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးသည် နေအိမ်တွင်  အသက် ၁၂ နှစ်အရွယ် (မွေးရာပါ စကားမပြောတ်သူ) သမီးအလတ်နှင့် အသက် ၆ နှစ်အရွယ် သမီးငယ်တို့နှင့်အတူရှိနေစဉ် သမီးငယ်က  ဗိုက်ဆာ သဖြင့် နေအိမ်မှထွက်ကာ ဟင်းဝယ်သွားခဲ့သည်။ နေအိမ်သို့ပြန်ရောက်စဉ် သမီးအလတ်ကို မတွေ့သဖြင့် မေးမြန်းရာ ၎င်းကို အခန်းချင်း ကပ်လျက်နေထိုင်သူ လင်းလက်အောင်(၃၃ နှစ်)က မချီခေါ်ဆောင်သွားကြောင်း သမီးငယ်က ငို၍ပြော ဆိုခဲ့သည်။

တိုင်ကြားသူက အဆိုပါအခန်းသို့လိုက်သွားကာ တံခါးအဖြစ်ကာရံထားသည့် ဗီနိုင်းစကို ကန်၍ အခန်းအတွင်းသို့ဝင်ရောက်စဉ် ခြင်ထောင်အတွင်း လင်းလက်အောင်နှင့်အတူ သမီးအလတ်ကို အဝတ်အစားများမပါ ရှိဘဲတွေ့ရှိခဲ့ပြီး အိမ်သို့ပြန်ခေါ်ကာ မေးမြန်းရာ လင်းလက်အောင်က အင်္ကျီဖြင့် ပါးစပ်ကိုပိတ်ကာ လည်ပင်းကိုဓါးထောက်၍ မိန်းမကိုယ်ကို လက်ဖြင့်နှိုက်ခဲ့ကြောင်း လက်ဟန်ခြေ ဟန်ဖြင့် ပြောပြခဲ့သည်။

ထိုသို့ပြောပြသဖြင့်ကြည့်ရှုရာ သမီးလတ်၏ မိန်းမကိုယ်တွင် နီရဲပွန်းဒဏ်ရာ ၂ချက်၊ ဘောင်း ဘီ တွင်လည်း သွေးစက် တွေ့ရ သောကြောင့် ၊ ယခင်ကလည်း ထိုသို့ ဓမ္မတာနှင့်ဆန့်ကျင်မှုများပြု လုပ်ခဲ့ကြောင်း ပြောပြသိရသဖြင့်  အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့မရဲစခန်းက(ပ)၁၂၁၁/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ အရ အမှုဖွင့်စစ်ဆေး လျက်ရှိသည်။