လာမည့်တစ်ပတ်အတွင်း မိုးတိမ်တောင်များအများအပြားဖြစ်ကာ ရာသီဥတုဆိုးဝါးလာနိုင်ဟု ဒေါက်တာထွန်းလွင်ဆို

လာမည့်တစ်ပတ်အတွင်း မိုးတိမ်တောင်များအများအပြားဖြစ်ကာ ရာသီဥတုဆိုးဝါးလာနိုင်ဟု ဒေါက်တာထွန်းလွင်ဆို

လာမည့်တစ်ပတ်အတွင်း မိုးတိမ်တောင်များအများအပြားဖြစ်ကာ ရာသီဥတုဆိုးဝါးလာ ခြင်းကြောင့် ပင်လယ်ရေကြောင်းသွား သင်္ဘောများအနေဖြင့် သတိပြုသွားလာနိုင်ရန် မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း၏လူမူကွန်ရက်စာမျက်နှာမှတစ်ဆင့် စက်တင်ဘာ ၂၈ ရက်က သတိပေးပြောဆိုထားသည်။

လာမယ့်ရက်တစ်ပတ်အတွင်း မြေပြင်အထက် ပေ(၅၀ဝ၀)အမြင့်မှာ တိုက်ခတ်နိုင် သည့် လေတိုက်ခတ်မှုခန့်မှန်းချက်သည် ဆောင်းဦးပေါက်ကာလများတွင် အာရှတိုက်အလယ်ပိုင်း ဆိုက်ဘီးရီးယား ကုန်းတွင်းဒေသ၌ အားယူစဖြစ်လာသော လေဖိအားများရပ်ဝန်းကြီး၏ အားကောင်းမှုကြောင့် တရုတ်နိုင်ငံ ကုန်းတွင်းပိုင်းမှ လေအေးများက တရုတ်နိုင်ငံအရှေ့ ဖက်ကမ်းခြေအား ကျော်လွန်ပြီး တောင်တရုတ်ပင်လယ်ရေပြင်ပေါ် အထိ ရောက်အောင်တိုက်ခတ်သွား နိုင်သည်ကို တွေ့ရှိရသည်ဟု ၎င်းကပြောဆိုသည်။

" တောင်တရုတ်ပင်လယ်ပြင်အတွင်းမှာ အပူပိုင်းဒေသမှ သမပိုင်းဒေသဖက်ကိုစီးဆင်းနေတဲ့ ရေပူစီးကြောင်းက အောက်ခံရေပြင်ပေါ်မှာရှိနေပါတယ်။အဲဒီမှာ ပူနွေးသောရေနွေးစီးကြောင်းပေါ်ကို လေအေးများဖြတ်သန်းတိုက် ခတ်တဲ့အခါမှာ လေထုအတွင်းအထက်အောက်မတည်ငြိမ်မှု ဖြစ်လာ စေပြီး မိုးတိမ်တောင်များ အများအပြားဖြစ်လာပြီး ရာသီဥတုအလွန်ဆိုးဝါးစေတတ်ပါတယ်။ ပင်လယ်ရေကြောင်းသွားသင်္ဘောတွေဟာ ဒီရာသီ၊ ဒီကာလ၊ ဒီဒေသမှာ ဒီရာသီဥတုကို သတိပြုသွားလာဖို့လိုပါတယ် " ဟု ဒေါက်တာထွန်းလွင်က ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး