ခွေးဂေဟာကွပ်ကဲရေးရုံးဆောက်ရန် ကျပ်သိန်း ၇၀ဝ သုံးစွဲသော်လည်း ဝန်ထမ်းအိမ်ရာအတွက် ကျပ်သိန်း ၃၃၀ သာချပေး၍ အခက်အခဲကြုံရ

ခွေးဂေဟာကွပ်ကဲရေးရုံးဆောက်ရန် ကျပ်သိန်း ၇၀ဝ သုံးစွဲသော်လည်း ဝန်ထမ်းအိမ်ရာအတွက် ကျပ်သိန်း ၃၃၀ သာချပေး၍ အခက်အခဲကြုံရ

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွေးဂေဟာ အတွက် ကွပ်ကဲရေးရုံးတည်ဆောက်ခြင်းကို ကျပ်သိန်း ၇၀ဝ သုံးစွဲပြီး မြို့နယ်များရှိ ဆရာဆရာမများနေထိုင်ရန် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းအတွက် ကျပ်သိန်း ၃၃၀ သာချထားပေးခြင်းကြောင့် အခက်အခဲကြုံနေရကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီဝင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြော ဆိုသည်။

ထည့်သွင်းပြောဆို

စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန် တိုင်းဒေသကြီး၏ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ် သက်ပြီး ဆွေးနွေးစဉ် ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

"ယခုမိုးထဲရေထဲမှာဝန်ထမ်းနေအိမ်က ဘတ်ဂျက်မလုံလောက်မှုကြောင့် အပြီးသတ် ဆောင်ရွက်ခြင်းမရှိဘဲ ဆောက်လက်စတန်း လန်းကြီး ဒီအတိုင်းပစ်ထားရတဲ့ အနေအထား ရှိနေပါတယ်"ဟု ၎င်းက ပြောဆိုသည်။

သုံးစွဲသည်ကိုတွေ့ရ

အလားတူ ထိန်ပင်အမှိုက်ပုံတစ်ခုတည်းအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှသုံးစွဲမှုသည် ငွေကျပ်သန်း ၂၄၄၅ ဒသမ ၄ သန်းရှိပြီး လူဦးရေ ၄၀,ဝ၀ဝ ကျော် နေထိုင်သည့်မြို့နယ် အတွက်ကိုမူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သုံးစွဲ ငွေကျပ် ၁၄၄၀ ဒသမ ၆၇ သန်းသာရှိသည်ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

နိုင်ငံခြားငွေရရှိမှုသိလို

ထို့ပြင်ပထမလျာထားဘတ်ဂျက်၌ ဂျာမနီနိုင်ငံ GIZ မှ ထောက်ပံ့ ငွေများရရှိမည်ဖြစ်သည့်အတွက်ဟု ဖော်ပြထားသော်လည်း ယခု ဥပဒေကြမ်းတင်သည့်အခါ၌ နိုင်ငံခြားသုံးငွေများကို SME ချေးငွေ များထုတ်ချေးပေးနိုင်ရန်၊ ဘဏ်လုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရန်၊ နိုင်ငံ ခြားသုံးငွေများကို ပြည်ပအဖွဲ့အစည်းများက ကမ်းလှမ်းမှုကြောင့် ဟု ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ သို့သော် GIZ ၏ငွေကြေး ထောက်ပံ့မှုမဟုတ်ဘဲ ချေးငွေသာဖြစ်၍မည်သည့် အရင်းအမြစ်များမှ နိုင်ငံခြားငွေရရှိမှုကိုလည်း သိလိုကြောင်း ၎င်းက ပြောဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး