နေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်ကို ဖီဖာဥက္ကဋ္ဌ ဂုဏ်ပြုလွှာပေးပို့

နေရှင်နယ်လိဂ်ချန်ပီယံ ရန်ကုန်ယူနိုက်တက်ကို ဖီဖာဥက္ကဋ္ဌ ဂုဏ်ပြုလွှာပေးပို့

မြန်မာနေရှင်နယ်လိဂ် သက်တမ်းတစ်လျှောက် ချန်ပီယံငါးကြိမ်ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်းအား ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုက စက်တင်ဘာ ၂ရရက်က ဂုဏ်ပြုစာလွှာပေးပို့ခဲ့ကြောင်း သိရသည်။ 

ဂုဏ်ပြုလွှာ

ဖီဖာဥက္ကဋ္ဌ အင်ဖာတီနိုသည် အဆိုပါဂုဏ်ပြုလွှာကို  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်ကတဆင့် ပေးပို့ခဲ့ခြင်းဖြစ်ပြီး ဂုဏ်ပြုလွှာတွင် ရန်ကုန်ယူနိုက်တက်အသင်း လိဂ်ပြိုင်ပွဲ ချန်ပီယံဆုဖလားရရှိသည်ကို ကြားသိရသည့်အတွက် ဝမ်းမြောက်မိကြောင်းနှင့် လိဂ်ပြိုင်ပွဲတစ်လျှောက် ချန်ပီယံဆု ငါးကြိမ်ရရှိသည့်အတွက် ဂုဏ်ပြုပါကြောင်း ရေးသားဖော်ပြထားသည်။ 

ရေးသားထား

ထို့အပြင် ယခုကဲ့သို့အောင်ပွဲရရှိခြင်းသည် အသင်းတွင် ပါဝင်သော ကစားသမားများ၊ နည်းပြအဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ ဆေးဝန်ထမ်းများ၊ အခြားဝန်ထမ်းများနှင့် အသင်းပရိသတ်များ စိတ်ဓာတ်ကြ့ံခိုင်မှု၏ရလဒ်ဖြစ်ကြောင်း ဂုဏ်ပြုရေးသားထားသည်။ဆက်လက်ပြီး ရန်ကုန်ယူနိုက်တက်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ဘောလုံးလောကအတွက် ယခုကဲ့သို့ သတင်းကောင်းမျှဝေသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ရေးသားဖော်ပြထားသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ်ကွင်းဖွင့်ဖလားနှင့် နေရှင်နယ်လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းဒိုင်းတွင်လည်း ဗိုလ်လုပွဲသို့ရောက်ရှိခဲ့ပြီဖြစ်၍ ဖလားသုံးလုံးလမ်းကြောင်းပေါ်၌ ရပ်တည်လျက်ရှိသည်။



ဖတ်ရှုမှုအများဆုံး