ကန့်ကွက်မှုများကြောင့် ထောက်ကြန့်လူကူးခုံးကျော်တံတားစီမံကိန်းကိုပယ်ဖျက်လိုက် ကြောင်း ရန်ကုန်တိုင်းဒေသကြီးစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက စက်တင် ဘာ ၂၈ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်း အဝေး၌ ပြောဆိုသည်။
"ထောက်ကြန့်လူကူးခုံးကျော်တံတားတည် ဆောက်ခြင်းဟာ ပြည်ထောင်စုလမ်းဦးစီးဌာနနဲ့ ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာနတို့ ညှိနှိုင်း ခဲ့ကြပြီးတော့ စီမံကိန်းရဲ့ခန့်မှန်းတန်ဖိုး မူလ ခန့်မှန်းခြေစာရင်းပါတဲ့ ကျပ်သန်း ၂၀ဝ၀ ကို ၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်အတွင်းမှာ လျာ ထားသတ်မှတ်ခဲ့ပါတယ်။ သြဂုတ် ၄ ရက်က ထောက်ကြန့်မှာ ပြည်ထောင်စုလမ်းဦးစီးဌာန ရယ်၊ ရန်ကုန်တိုင်းဒေသကြီးလမ်းဦးစီးဌာန တို့နဲ့ ပြည်သူတွေတွေ့ဆုံပွဲမှာ ပြည်သူတွေက ကန့်ကွက်ခဲ့ကြတယ်။ အဲဒါကြောင့် သြဂုတ် ၁၃ ရက် ရန်ကုန်တိုင်းဒေသကြီးညှိနှိုင်းအစည်း အဝေးမှာ ထောက်ကြန့်လူကူးခုံးကျော်တံတား ကို တည်ဆောက်ခြင်းမပြုဖို့ ဆုံးဖြတ်ခဲ့ကြ တယ်"ဟု ၎င်းက ပြောဆိုသည်။
ကန့်ကွက်ဆွေးနွေး
ထို့အတူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေကြမ်းတွင် ထောက်ကြန့် လူကူးခုံးကျော်တံတားတည် ဆောက်ရန် ကျပ်သန်း ၂,ဝ၀ဝ လျာထားမှု ကြောင့် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့ ကပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေး၌ လွှတ်တော်ကိုယ်စားလှယ်ကိုးဦးတို့က ကန့်ကွက် ဆွေးနွေးခဲ့ကြသည်။
ခေါင်းစဉ်ပြောင်းသုံးစွဲ
ထိုသို့ဆုံးဖြတ်ချက်အတိုင်း ရန်ကုန်တိုင်း ဒေသကြီး၏၂၀၁၈–၂၀၁၉ ဘဏ္ဍာနှစ်ဘဏ္ဍာငွေ ရသုံးလျာထားချက်ကို ဘဏ္ဍာရေးကော်မရှင် သို့ တင်ပြထားသည့်အတိုင်း အဆိုပါခုံးကျော် တံတားတည်ဆောက်ရန် လျာထားငွေကျပ် သန်း ၂၀ဝ၀ ကို ထုတ်ပယ်ခြင်းမပြုခဲ့ဘဲ ယင်း အစား တိုင်းချင်းဆက်လမ်းမကြီးပြုပြင်ထိန်း သိမ်းခြင်းအတွက် ကျပ်သန်း ၂,ဝ၀ဝ ကို
ခေါင်းစဉ်ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
















