ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် ကန်တော်ကြီးအတွင်းရှိ သစ်သား တံတားများကို ကွန်ကရစ်တံတားနှင့် စတီး လက်ရန်းအဖြစ် အသစ်တည်ဆောက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောဆို သည်။
ရေရှည်မခံ
သက်တမ်း ၂၉ နှစ်ရှိပြီးဖြစ်သော ကန် တော်ကြီးရှိ ပျဉ်းကတိုးသစ်ဖြင့်တည်ဆောက် ထားသည့်တံတားများတွင် ပျက်စီးမှုပမာဏ များကာ သစ်သားနှင့်အစားထိုးပြုပြင်လျှင် ရေရှည်မခံဘဲ နှစ်စဉ်ပြင်ဆင်နေရသည့်အတွက် ကွန်ကရစ်၊ စတီးလက်ရန်းတံတားအဖြစ် တည် ဆောက်ခြင်းဖြစ်ကြောင်း စက်တင်ဘာ ၂၈ ရက်ကပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ၎င်းက ပြောဆိုခဲ့သည်။
ကွန်ကရစ်၊ စတီးလက်ရန်းတံတားအဖြစ် ပေ ၂၀ဝ၀ တည်ဆောက်ရန် ကျပ်သန်း ၉၄၀ ဘတ်ဂျက်တောင်းခံထားမူကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းမှ သိရသည်။
ထိုသို့ ကန်တော်ကြီးရှိ တံတားများပြုပြင် ရန် ဘတ်ဂျက်တောင်းခံသည့်ပမာဏမှာ များ ပြားနေကြောင်း မင်္ဂလာတောင်ညွန်မြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး ၌ ပြောဆိုခဲ့သည်။
ကန်တော်ကြီးရှိ သစ်သားတံတားမှာ စုစု ပေါင်းအရှည်ပေ ၇၀ဝ၀ ရှိပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အရှည်ပေ ၂၀၂၅ အတွက် ကျပ် ၁၃၀ ဒသမ ၃၁၈သန်းနှင့် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် အရှည်ပေ ၁၀ဝ၀ အတွက် ကျပ် ၁၂၀ ဒသမ ၆၉၇ သန်း သုံးစွဲပြုပြင်ထားကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောဆို သည်။

















