ကျိုင်းလပ်မြို့တွင် စိတ်ကြွဆေးနှင့် ကဖင်း သိန်းထောင့်ငါးရာကျော်ဖိုး ဖမ်းမိ

ကျိုင်းလပ်မြို့တွင် စိတ်ကြွဆေးနှင့် ကဖင်း သိန်းထောင့်ငါးရာကျော်ဖိုး ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းလပ်မြို့၌ စိတ်ကြွစိတ်ပြားနှင့် ကျပ်သိန်းပေါင်း ၁၆ဝဝ ခန့်တန်ဖိုးရှိ ကဖင်းအိတ်များကို စက်တင်ဘာ ၂၉ ရက်နေ့က ဖမ်းဆီးရမိသည်။

စက်တင်ဘာ ၂၉ ရက် နံနက် ၅ နာရီခွဲကျော်ခန့်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းလပ်မြို့ မိုင်းပါလျှိုး အုပ်စု၊ ဝမ်းယန်းရွာနှင့် နမ့်ခင်းကျေးရွာအုပ်စု၊ ပန်ပဲအောက်ရွာတွင် မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မူးယစ်တပ်ဖွဲ့စု(၃ဝ)မှ ဒုရဲမှူး ကျော်စွာထွန်းဦးစီးသည့် ပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးစဉ် ပန်ပဲအောက်ရွာနေ ရှဲချိုက်(ခ)ဆို့ချယ် (၆၆ နှစ်)၏ နေအိမ်အိပ်ခန်းကုတင်အောက် သစ်သားဘောင်တန်းအတွင်း သိုဝှက်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၁၅၁ ပြားကိုလည်းကောင်း၊ကျိုင်းလပ်မြို့ဘက်မှတာလေမြို့ဘက်သို့ အိုက်အွန်(၄၅ နှစ်) မောင်းနှင် လာသော နံပါတ်မပါအီတန်(ထော်လာဂျီ)အမျိုးအစား အပြာရောင်ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ် နောက်ခန်းအတွင်းဆာလာအိတ်များဖြင့်ထည့်ထားသည့် ကဖင်းဟုယူဆရသော အဖြူရောင် အမှုန့်အိတ် ၄ဝ၊ စုစုပေါင်းအလေး ချိန် ၂ဝဝဝ ကီလို၊ သိန်းပေါင်း ၁၆ဝဝခန့်ကိုလည်းကောင်း တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် ၄င်းတို့ ၂ ဦးကို မိုင်းပါလျှိုးနယ်မြေရဲစခန်းက မူးယစ်ပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်။