အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ထရာမီသည် ဂျပန်နိုင်ငံတောင်ဘက်ကျွန်းစုများသို့ စက်တင်ဘာ ၃၀ ရက် အစောပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် လူ ၄၅ ဦးခန့် ဒဏ်ရာရရှိ်ခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်း၌ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီး ဆူနာမီဒီလှိုင်းများရိုက်ခတ်မှုကြောင့် သေဆုံးသူ ၈၀ဝ ကျော်သွားပြီဖြစ်သည်။
ဂျပန်၌ မုန်တိုင်းသည် တောင်ပိုင်းကျွန်းစုများဘက်သို့ ဝင်ရောက်တိုက်ခတ်ပြီးနောက်တွင် ဂျပန်ကုန်းမကြီးအပါအဝင် အခြားအစိတ်အပိုင်းများဘက်သို့ ဦးတည်သွားခဲ့သည်။ မုန်တိုင်းကြောင့် နိုင်ငံအနောက်ပိုင်းတွင် ကျည်ဆန်ရထား ပြေးဆွဲမှုများနှင့် လေယာဉ်ခရီးစဉ် ၁၀ဝ၀ ခန့်ကို ဖျက်သိမ်းခဲ့ရသည်။ အိုကီနာဝါကျွန်း၌ မုန်တိုင်းကြောင့် မော်တော်ယာဉ်တချို့ ပက်လက်လန်ခဲ့သည်။ အာဏာပိုင်များသည် ဒေသခံ ၃၄၉၀ဝ၀ ဦး နေရာရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့သည်။ နေအိမ်အလုံး ၃၀ဝ၀ဝ၀ ခန့်သည် လျှပ်စစ်ဓာတ်အားရရှိခြင်းမရှိသေးပေ။ ထရာမီမုန်တိုင်းသည် ဗဟိုချက်နားတွင် လေတိုက်နှုန်း တစ်နာရီ ၂၁၆ ကီလိုမီတာ( ၁၃၄ မိုင်)ဖြင့် တိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းတွင် ငလျင်နှင့် ဆူနာမီရေလှိုင်းဒဏ်ကြောင့် သေဆုံးသူ ၈၀ဝ ကျော်ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် အတည်ပြုနိုင်ခဲ့သည်။ ကမ်းခြေမြို့ ပါလူးတွင် ဟိုတယ်တစ်ခုနှင့် ဈေးဝယ်စင်တာတစ်ခု ပြိုကျ၍ အများအပြားပိတ်မိခဲ့သည်။ ယင်းမြို့သို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုရောက်ရှိနေပြီး သေဆုံးသူအရေအတွက် ထောင်ဂဏန်းအထိ ရှိလာမည်ကို စိုးရိမ်နေရသည်။

















