မြန်မာလက်ခမောင်းကုမ္ပဏီမှ စီစဉ်ကျင်းပသည့် ကမ္ဘာလက်ဝှေ့ချန်ပီယံရှစ်( WLC – 6 Heartless Tigers) ပြိုင်ပွဲကို စက်တင်ဘာ ၂၉ရက် ညနေ၆နာရီက သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့ရာ အဓိကခေါင်ပွဲတွင် စိုးလင်းဦးက တရုတ်ကစ်ဘောက်ဆင်ချန်ပီယံ ကျောက်ဝမ်ဝမ်ကို ဒုတိယအချီ၌ အလဲထိုးကာ အနိုင်ရရှိခဲ့သည်။
အဓိကခေါင်ပွဲ
အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း ၈ဆိုင်းပါဝင်ထိုးသတ်ခဲ့ပြီး အမှတ်ပေးစနစ်ဖြင့် ကျင်းပခဲ့ရာ အဓိကခေါင်ပွဲဖြစ်သည့် စိုးလင်းဦးနှင့် တရုတ်ကစ်ဘောက်ဆင်ချန်ပီယံ ကျောက်ဝမ်ဝမ်တို့ပွဲတွင် စိုးလင်းဦး၏ ထိုးစစ်ဆင်မှုများကြောင့် ဒုတိယအချီ ကျောက်ဝမ်ဝမ်ခြေထောက်ဒဏ်ရာရပြီး အရှုံးပေးခဲ့ရသည်။
ဘယ်ဒူးတိုက်ချက်
ထို့နောက် ဒုတိယခေါင်ပွဲအဖြစ် ကျော်ဇင်လတ်နှင့် စောထူးအောင်တို့ပွဲတွင် ကျော်ဇင်လတ်မှာ ပထမအချီ၌ပင် အမှတ်စဉ်ရေခံရပြီး စောထူးအောင်၏ ဘယ်ဒူးတိုက်ချက်ကြောင့် အရှုံးပေးခဲ့ရသည်။ ရန်နိုင်ထွန်းနှင့် ကမ္ဘောဒီးယားမှ ရွန်ဆူဖွန်တို့ပွဲတွင် ရန်နိုင်ထွန်းကလည်းကောင်း၊ မိုက်ရိုင်းနှင့် ကမ္ဘောဒီးယားမှ ပစ်ခ်မထဲခမန်းတို့ပွဲတွင် ပစ်ခ်မထဲခမန်းက လည်းကောင်း၊သပြေညှိနှင့် ဥဇဘက်ကစ္စတန်တွင် သပြေညှိကလည်းကောင်း အနိုင်ရခဲ့သည်။
ဒိုင်းအဆုံးအဖြတ်
ဆက်လက်ပြီး ဗီယက်နမ်မှ ငုယင်တန်ကွမ် နှင့် ပေါ်တူဂီနိုင်ငံသား အန်တိုနီယိုတို့ပွဲတွင် အန်တိုနီယိုက အနိုင်ရခဲ့ပြီး ဆန်းသူဦးနှင့်ပိုက်ထွေးတို့ပွဲတွင် ပိုက်ထွေးကဒိုင်အဆုံးအဖြတ်ဖြင့် လည်းကောင်း၊ ယှူးကလိန်းမင်းနှင့် လက်သီးမိုးတို့ပွဲတွင် လက်သီးမိုးကဒိုင်အဆုံးအဖြတ်ဖြင့် လည်းကောင်း အနိုင်ရခဲ့သည်။















