အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်ပွားနှုန်း တရုတ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်ဟုဆို

အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ဖြစ်ပွားနှုန်း တရုတ်တွင် ၁၄ ရာခိုင်နှုန်း မြင့်တက်ဟုဆို

တရုတ်နိုင်ငံတွင် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားနေသူ ၁၄ ရာခိုင်နှုန်းမြင့်တက်လာ ကြောင်း အစိုးရထုတ်ပြန်ကြေညာချက်အရ သိရသည်။

တိုးလာ

လက်ရှိတွင်တရုတ်နိုင်ငံ၌ အိတ်ချ်အိုင်ဗွီ/ အေအိုင် ဒီအက်စ် ရှိနေသူ ၈၂၀ဝ၀ဝ ဦး ရှိနေကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်အတွင်းမှာပင် ရောဂါ ဖြစ်ပွားသူ ၄၀ဝ၀ဝ တိုးလာကြောင်း သိရသည်။

ကျဆင်း

ကူးစက်ဖြစ်ပွားမှု အများစုသည် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းများကြောင့်ဖြစ်ကြောင်း တွေ့ရသည်။ ယခင်က သွေးသွင်းရာမှ ကူးစက်မှု အများဆုံးဖြစ်ခဲ့ သော်လည်း ယခုအခါ ထိုနည်းဖြင့် ကူးစက်မှု သုည ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီဖြစ်ကြောင်း တရုတ် ကျန်းမာရေးတာဝန်ရှိသူများက ယူနန်ပြည်နယ်တွင် ကျင်းပသည့် ကျန်းမာရေး အစည်းအဝေးပွဲတွင် ပြော ဆိုသည်။

တရုတ်နိုင်ငံတွင် အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားနေသူသည် နှစ်စဉ် တစ်သိန်းခန့် တိုးလာနေကြောင်းလည်း တွေ့ရသည်။ အထူးသဖြင့် အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းများသည် အိတ်ချ် အိုင်ဗွီ/အေအိုင်ဒီအက်စ် ကူးစက်ဖြစ်ပွားမှု တိုးလာ စေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ကျန်းမာရေး တာဝန်ရှိသူများက ဆိုသည်။ အထူးသဖြင့် တရုတ်နိုင်ငံရှိ လိင်တူဆက်ဆံသည့် အယ်ဂျီဘီတီ လူ့အဖွဲ့အစည်း များအကြားတွင် ကူးစက်ပြန့်ပွားမှု အများဆုံးဖြစ်နေ ကြောင်း သိရသည်။ တရုတ်နိုင်ငံတွင် လိင်တူဆက်ဆံ ခြင်းကို ၁၉၉၇ ခုနှစ်ကစတင်ကာ ပြစ်မှုအဖြစ်မှ ဖယ်ရှားပေးခဲ့သည်။

ကတိပြု

အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ထိန်းချုပ်ဆေးဝါး များကို လူတိုင်းရရှိစေရမည်ဖြစ်သလို၊ လူတိုင်း အိတ်ချ် အိုင်ဗွီ/အေအိုင်ဒီအက်စ်ဆိုင်ရာ ကျန်းမာရေး စောင့် ရှောက်မှုခံယူခွင့်ရအောင် ကြိုးပမ်းသွားမည်ဟု တရုတ် အစိုးရက ၂၀ဝ၃ ခုနှစ်တွင် ကတိပြုခဲ့သည်။