ဆီပီပါတင် ၆ ဘီးယာဉ် ချောက်အတွင်း ထိုးကျမီးလောင်

ဆီပီပါတင် ၆ ဘီးယာဉ် ချောက်အတွင်း ထိုးကျမီးလောင်

ကော့ကရိတ်-မြဝတီအာရှလမ်းပေါ်တွင် ဆီပီပါတင်ယာဉ် လမ်းဘေးချောက်အတွင်းထိုးကျတိမ်းမှောက်ရာမှ မီးလောင်ကျွမ်းမြှုုဖစ်ပွားခဲ့ပြီး ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်ကို သက်ဆိုင်ရာက စုံစမ်းခဲ့ကြောင်း စက်တင်ဘာ ၃၀ ရက်တွင် ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ 

ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၉ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ကော့ကရိတ်-မြဝတီအာရှလမ်းပေါ်တွင် ၆ ဘီး ဆီပီပါတင်ယာဉ်တစ်စီး လမ်းဘေးထိုးကျကာ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ သက်ဆိုင်ရာက သွားရောက်စစ်ဆေးခဲ့သည်။

(၆)ဘီးယာဉ်သည် ကီလိုမီတာ156နှင့်157ကြားအရောက်တွင် လမ်းယာဘက်ခြမ်း သို့ထိုးကျတိမ်းမှောက်ကာ ချောက်အတွင်းမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နယ်မြေခံရဲ တပ်ဖွဲ့ဝင် များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကယ်ဆယ်ရေးအဖွဲ့များဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပြီး အခင်းဖြစ်နေရာတွင် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်တို့ တွေ့ရှိရခြင်းမရှိသော်လည်း အခင်းဖြစ်နေရာအနီးလမ်းမပေါ်တွင် ယာဉ်မောင်းလိုင်စင်(၁)ခု တွေ့ရှိခဲ့ကြောင်း သိရသည်။

သက်ဆိုင်ရာ၏ စုံစမ်းချက်များအရ အဆိုပါယာဉ်ကို ယာဉ်မောင်း ထွန်းထွန်းလတ်(စိစစ်ဆဲ)မောင်းနှင်လာပြီး ဓာတ်ဆီပီပါ ၃၅ လုံးတင်ဆောင်မောင်းနှင်ခဲ့ကြောင်း၊ ဆီပီပါပိုင်ရှင်မှာ ကာစင်(ခ)တင်စိန် (၅၈ နှစ်)ဖြစ်ကြောင်းသိရပြီး ဆီများမှာ ရောင်းချရန်အတွက် တရားမဝင်သယ်ဆောင်လာစဉ် ယာဉ်တိမ်းမှောက်မီးလောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကော့ကရိတ်မြို့မရဲစခန်းက ယာဉ်(ပ) ၅၂/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၀၂ အရ အမှုဖွင့် အရေးယူထားသည်။ထို့ပြင် ဆီပိုင်ရှင် ကာစင်(ခ)တင်စိန်ကို ကော့ကရိတ်မြို့မရဲစခန်းက (ပ)၃၈၃ / ၁၈၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး