ငွေကြေးချမ်းသာသည့်နိုင်ငံများကဲ့သို့ အသုံးစရိတ်ယှဉ်ပြီး မသုံးနိုင်သော်လည်း ဘောလုံးလောကအောင်မြင်လိုသည့်စိတ် ပိုမိုသာလွန်ဟု ဥက္ကဋ္ဌဦးဇော်ဇော် ဆို

ငွေကြေးချမ်းသာသည့်နိုင်ငံများကဲ့သို့ အသုံးစရိတ်ယှဉ်ပြီး မသုံးနိုင်သော်လည်း ဘောလုံးလောကအောင်မြင်လိုသည့်စိတ် ပိုမိုသာလွန်ဟု ဥက္ကဋ္ဌဦးဇော်ဇော် ဆို

ငွေကြေးဓနအင်အားချမ်းသာသည့် ဘောလုံးအင်အားကြီးနိုင်ငံများကဲ့သို ဘက်ဂျက်အသုံးစရိတ်ယှဉ်ပြီး မသုံးနိုင်သော်လည်း ဘောလုံးအားကစားနည်းကို အောင်မြင်လိုသည့်စိတ်မှာ ပိုမိုသာလွန်သည်ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ထုတ်ဖော်ပြောဆိုခဲ့သည်။

တိုက်တွန်း

ဥက္ကဋ္ဌဦးဇော်ဇော်သည် စက်တင်ဘာ ၃၀ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၌ ကျင်းပခဲ့သည့် အေအက်ဖ်စီ(အေ)လိုင်စင် သင်တန်းဆင်းပွဲ၌ ယခုကဲ့သိုပြောဆိုခဲ့ခြင်းဖြစ်ပြီး နည်းပြများအနေဖြင့်လည်း ဘောလုံးအားကစားတိုးတက်ရေးအတွက် ကြိုးစားအားထုတ်ပေးရန် တိုက်တွန်းခဲ့သည်။

" တစ်နိုင်ငံလုံးက ဘောလုံးကိုချစ်ကြပေမယ့် ချမ်းသာတဲ့နိုင်ငံကြီးတွေလို အခြေခံအဆောက်အဦးတွေ၊ ကစားကွင်းတွေ ဘက်ဂျက် အသုံးစရိတ်တွေကို သူတို့လိုယှဉ်ပြီးမသုံးနိုင်ဘူး။ ဒါပေမဲ့ ဘောလုံးကိုချစ်တဲ့စိတ်နဲ့ အောင်မြင်လိုတဲ့ စိတ်ကတော့ သူတို့ထက်မနိမ့်ပါဘူး။ ကျွန်တော်တို့ အနာဂတ်မျှော်လင့်ချက်တွေက သူတို့ထက်မြင့်မားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘောလုံး ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အခြေခံကျကျ ဆောင်ရွက်နေတာပါ။ နည်းပြဆရာတွေအနေနဲ့ သင်တန်းတွေ ဘယ်လိုပဲပြီးဆုံးပါစေ၊ အမြဲတမ်း လေ့လာကြိုးစားအားထုတ်နေဖို့ လိုပါတယ်။ မှန်ကန်တဲ့ ခံယူချက်တွေနဲ့မြန်မာ့ဘောလုံး အသိုင်းအဝန်းကို ပိုမိုတိုးတက်အောင်လို့ ဝိုင်းဝန်းအားထုတ်ပေးကြပါလို့ ကျွန်တော် တောင်းဆိုပါတယ်"ဟု ဦးဇော်ဇော်က ပြောဆိုခဲ့သည်။

တက်ရောက်

အဆိုပါသင်တန်းဆင်းပွဲအခမ်းအနားသို့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်နှင့်အတူ အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးတင်မြင့်အောင်နှင့် ဌာနအသီးသီးမှ တာဝန်ခံများ၊ နည်းစနစ်ဒါရိုက်တာအဖြစ် မကြာမီတာဝန်ထမ်းဆောင်တော့မည့် မစ္စတာ အဲရစ်၊ သင်တန်းဆရာ မစ္စတာ မာရိုမာလွန်နှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။



ဖတ်ရှုမှုအများဆုံး