ခွင့်ပြုချက်မရဘဲ စီးနင်းသည့်ဆိုင်ကယ် တရားစွဲဆိုမှုပေါင်း နှစ်ထောင်ကျော်ရှိဟု ဆို

ခွင့်ပြုချက်မရဘဲ စီးနင်းသည့်ဆိုင်ကယ် တရားစွဲဆိုမှုပေါင်း နှစ်ထောင်ကျော်ရှိဟု ဆို

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရဘဲ စီးနင်းနေသည့်ဆိုင်ကယ်များကို တရားစွဲဆိုခဲ့ရာတွင် ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ကြားကာလ ၆လအတွင်း အမှုပေါင်း ၂၂၆၅ မှုရှိပြီး ဒဏ်ငွေ သိန်း ၁၂၀ဝ နီးပါးခန့် အရေးယူဆောင်ရွက်ခဲ့ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက အောက်တိုဘာ ၁ ရက်က ပြောသည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်း Showroom ကြီးများနှင့် ဖွင့်လှစ်သည့် မော်တော်ဆိုင်ကယ် အသစ်အရောင်းဆိုင်များ ၊ တစ်ပတ်နွမ်း မော်တော်ဆိုင်ကယ်အရောင်းဆိုင်များကို မည်သည့် ခွင့်ပြုချက်များဖြင့် ခွင့်ပြုပေးသည်ကို သိရှိလိုပါကြောင်း ဗဟန်းမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က အောက်တိုဘာ ၁ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် မေးမြန်းမှုကို မြို့တော်ဝန်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ 
ဆိုင်ကယ်စီးနင်းခွင့်ပြုထားသည့် ဆိတ်ကြီးခနောင်တိုမြို့နယ်နှင့်ဒလမြို့နယ်အနက်မှ ဒလမြို့နယ်တွင် မော်တော်ဆိုင်ကယ် အရောင်းဆိုင် ၂ ဆိုင်ကို လိုင်စင်ခွင့်ပြုချက်ပေးထားပြီး ခွင့်ပြုထားသော လိုင်စင်ဖြင့် ရောင်းချသောပစ္စည်း ကွဲပြားမှုမရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်နေကြောင်း ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အမိန့် ထုတ်ပြန်ချက်များနှင့် အညီကော်မတီများ၏ နယ်နိမိတ်မြို့နယ်များအတွင်း ဒလမြို့နယ် ၊ ဆိတ်ကြီးခနောင်တိုမြို့နယ်မှ အပ ကျန်မြို့နယ်များအတွင်း ဆိုင်ကယ်အရောင်းဆိုင် အပိုပစ္စည်း ဆိ်ုင်များကို လိုင်စင်ခွင့်ပြုထားခြင်းမရှိကြောင်း မြို့တော်ဝန်က ပြောသည်။ 
" ကုန်စုံဆိုင်လိုင်စင်နဲ့ တခြားရောင်းချခွင့် လိုင်စင်ခွင့်ပြုထားတဲ့ လုပ်ငန်းတွေတော့ရှိပါတယ်။ စိစစ်ပြီးတော့ ကြပ်မတ်ဆောင်ရွက်နေပါတယ်။ များသောအားဖြင့်တော့ ဆိုင်ကယ်ပစ္စည်းရောင်ချခွင့်ဆိုတာကို လည်းပြန်လည်စမ်းစစ်ဖို့လိုပါတယ်။ စမ်းစစ်တဲ့နေရာမှာ ဆိုင်ပေါ်ရောင်းချတဲ့ပစ္စည်းက တရားဝင် ပစ္စည်းလား ရောင်းချခွင့်ရှိမရှိ ပစ္စည်းလားဆိုတာ စမ်းစစ်ပါတယ် ။ နိုင်ငံခြားကမှ တင်သွင်းလာတဲ့ ပစ္စည်းက တင်ပို့လိုင်စင်နဲ့မို့လို့ သက်ဆိုင်ရာ အကောက်ခွန်များပေးထားခြင်းရှိမရှိ ဆိုတဲ့ အချက်တွေ ကိုလည်းစစ်ဆေးပါတယ် ။ စည်ပင်သာယာအနေနဲ့ကတော့ ရန်ကုန်မြို့ထဲမှာ စက်နဲ့ယာဉ်နဲ့ အပိုပစ္စည်း အရောင်းဆိုင်ဆိုလို့ နံသာကုန်းမှာ စက်ဘီးပစ္စည်းရောင်းဝယ်ခွင့်ဆိုတဲ့ ဆိုင်ဖွင့်ခွင့်ပေးထားတယ် ။ ဘုရင့်နောင် ၊ တာမွေ ၊ လှိုင်သာယာမှာလည်း စက်ယာဉ်အပိုအရောင်းဆိုင်ဆိုတာ ရှိပါတယ် ။ ဒါတွေကိုလည်း ပြန်လည် စမ်းစစ်ဖို့လိုပါတယ် ။ လုပ်ငန်းတွေနဲ့ ခွင့်ပြုချက်လုပ်ငန်းသာ ပေးထားခြင်းဖြစ်ပါတယ် ။ သို့သော် ရောင်းချတဲ့ပစ္စည်းက တရားဝင်လား မဝင်လားဆိုတာကို သက်ဆိုင်ရာဌာနကနေပြီးတော့ စမ်းစစ်လုပ်ကိုင်ရမှာဖြစ်ပါတယ် " ဟု မြို့တော်ဝန်က ပြန်လည်ဖြေဆိုခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး