ငလျင်လှုပ်ချိန် ဆူလာဝေစီကျွန်းပေါ်မှ ပျံတက်လေယာဉ် ဘေးကင်းရန် လေကြောင်းထိန်းဝန်ထမ်း အသက်စွန့်ခဲ့ရ

ငလျင်လှုပ်ချိန် ဆူလာဝေစီကျွန်းပေါ်မှ ပျံတက်လေယာဉ် ဘေးကင်းရန် လေကြောင်းထိန်းဝန်ထမ်း အသက်စွန့်ခဲ့ရ

အင်ဒိုနီးရှားနိုင်ငံ၊ ဆူလာဝေစီကျွန်းတွင် ငလျင်ပြင်းလှုပ်ခတ်ချိန် လေယာဉ်ကွင်းမှ ပျံတက်သည့် ခရီးသည်တင်လေယာဉ်အား ဘေးကင်းစွာပျံတက်နိုင်ရေး ယိုုယွင်းနေသည့် လေကြောင်းထိန်းမျှော်စင်မှ တာဝန်ကျဝန်ထမ်းလူငယ်တစ်ဦး အသက်ပေး တာဝန်ထမ်းဆောင်သွားခဲ့သည်။

အသက် ၂၁ နှစ်သာရှိသေးသည့်  အင်တိုနီးယာ့စ် ဂွန်နာဝမ် အာဂန် သည် ကျွန်းအလယ်ရှိ ပါလူးလေယာဉ်ကွင်း လေကြောင်းထိန်းမျှော်စင်၌ တာဝန်ထမ်းဆောင်နေစဉ် စက်တင်ဘာ ၂၈ ရက်က ငလျင်လှုပ်ခတ်လာပြီး မျှော်စင်အဆောက်အအုံ ပျက်စီးလာ၍ အခြားဝန်ထမ်းများ ထွက်ခွာသွားသော်လည်း ၄င်းသည်ထွက်ခွာခဲ့ခြင်း မရှိသေးပေ။
  

 ၄င်းသည် ထွက်ခွာလက်စ ခရီးသည်တင်လေယာဉ် ပြေးလမ်းပေါ်မှ လေထဲသို့ ဘေးကင်းစွာ ပျံတက်နိုင်အောင် လမ်းညွန်ခဲ့ပြီးမှ လေးထပ်ရှိ လေကြောင်းထိန်းမျှော်စင်ပြတင်းမှ ခုန်ချခဲ့သည်။ ၄င်း၏ခြေ၊ လက်များနှင့် နံရိုးများ ကျိုးကြေခဲ့ပြီးနောက် ၄င်းကို ရဟတ်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်စေခဲ့သော်လည်း သေဆုံးခဲ့ရသည်။ လေကြောင်းထိန်းမျှော်စင်သည်လည်း ပြိုကျပျက်စီးခဲ့သည်။
  

 ဂွန်နာဝမ် အာဂန်၏ ဆုံးဖြတ်ချက်သည် လူရာပေါင်းများစွာ၏အသက်များကို ကယ်တင်နိုင်ခဲ့ခြေ ရှိခဲ့ကြောင်း အင်ဒိုနီးရှားလေကြောင်းထိန်းဌာနက အသိအမှတ်ပြုခဲ့သည်။ ၄င်းအား သေဆုံးသော်လည်း ရာထူးနှစ်ဆင့် တိုးမြှင့်ပေးခဲ့ပြီး သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးနေကြကြောင်းလည်း သိရသည်။