နတ်မောက်မြို့နယ် သမှုန်းကုန်းကြီး ကျေးရွာတွင် ရွာသာကြီးဆေးထောက်ခံချက် ရရှိထားသူက အဘွားဖြစ်သူအား စိတ်ဖောက် ပြန်ကာ ကျောက်ခဲဖြင့်ထုသတ်ခဲ့မှု စက်တင် ဘာ ၃၀ ရက်ကဖြစ်ပွားခဲ့ကြောင်း စိုင်ကောင်း နယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သမှုန်းကုန်းကြီးကျေးရွာနေ ကိုအောင်မြင့်ဦး (၂၇)နှစ်သည် စက်တင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲက တစ်ရွာတည်းနေ အဘွားဖြစ်သူ ဒေါ်စောရီ အသက်(၈၀)၏ နေအိမ်ဝိုင်းအတွင်းရှိနေစဉ် ညီဖြစ်သူ လွင်မိုး အောင် (ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှ စိတ်ပေါ့သွပ်သူထောက်ခံချက်ရရှိပြီး) (၂၃)နှစ်ရောက်ရှိလာပြီး နေအိမ်အပေါ်တက်၍ အဘွားဖြစ်သူ ဒေါ်စောရီအား ကျောက်ခဲဖြင့် ထုသဖြင့် ဒေါ်စောရီက အော်ဟစ်အကူအညီ တောင်းခံခဲ့သည်။ ကိုအောင်မြင့်ဦးက အိမ်နီး ချင်းများသွားခေါ်ကာပြန်လာစဉ် လွင်မိုးအောင် က ဒေါ်စောရီအား အမြင့်ခြောက်ပေခန့်ရှိ နေအိမ်ပေါ်မှ ပစ်ချခဲ့သဖြင့် ဒေါ်စောရီတွင် ဦးခေါင်းနောက်စေ့ သုံးလက်မခန့်ပေါက်ပြဲ ဒဏ်ရာ၊ မျက်နှာပြင်တစ်ခုလုံးသွေးထွက်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လွင်မိုးအောင်အား အရေးယူပေးရန် ကိုအောင်မြင့်ဦးက တရားလို ပြုတိုင်ကြားခဲ့၍ နတ်မောက်မြို့နယ် စိုင်ကောင်း နယ်မြေရဲစခန်းက (ပ)၄၀/၂၀၁၈၊ ရာဇသတ် ကြီးပုဒ်မ ၃၂၅ ဖြင့်အမှုဖွင့်ခဲ့သည်။ ဒေါ် စောရီသည် နတ်မောက်ပြည်သူ့ဆေးရုံသို့တက် ရောက်ဆေးကုသနေစဉ် ယင်းနေ့ည ၁၁နာရီခွဲ ၌ သေဆုံးသွားခဲ့သဖြင့် စိုင်ကောင်းနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၅ မှ ၃၀၂ သို့ပြောင်းလဲအမှုဖွင့်ထားသည်။
















