ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ အိုပက်၏အဖွဲ့ဝင်များ ရေနံတိုးမထုတ်ရန်ဆုံးဖြတ်ပြီးနောက် ရေနံဈေးနှုန်းထပ်မံမြင့်တက်

ရေနံတင်ပို့သောနိုင်ငံများအဖွဲ့ အိုပက်၏အဖွဲ့ဝင်များ ရေနံတိုးမထုတ်ရန်ဆုံးဖြတ်ပြီးနောက် ရေနံဈေးနှုန်းထပ်မံမြင့်တက်

ရေနံတင်ပို့သောနိုင်ငံများအဖွဲ့အိုပက်၏အဖွဲ့ဝင်များက အစည်းအဝေးတွင် ရေနံ တိုးမထုတ်ရန်ဆုံးဖြတ်ပြီးနောက် ရေနံဈေးနှုန်းထပ်မံတိုးတက်လာကြောင်း သိရသည်။ အိုပက်အဆိုအရ ကမ္ဘာတွင် ရေနံစိမ်းဈေးကွက်မှာ လက်ရှိတွင် ကောင်းစွာထုတ်လုပ်ဖြန့်ဝေ ထားကြောင်း နောက်ထပ်ထုတ်လုပ်မှုတိုးမြှင့်ရန်မလိုအပ်ကြောင်း ဆိုသည်။

သို့သော် ဈေးကွက်အနေဖြင့် အဆိုပါထုတ်ပြန်ချက်အာဘော်ကို မယုံကြည်ကြောင်း၊ အမေရိကန်က အီရန်သွင်းကုန်အား သုညအထိလျှော့ချမည့် ပိတ်ဆို့အရေးယူမှုဆန်ရှင်မစတင်မီ သီတင်း ငါးပတ်အလိုတွင်ပင် အီရန်ရေနံစိမ်းပို့ကုန် အကြီးအကျယ်ကျဆင်းနေကြောင်း သိရသည်။ အနောက်တက္ကဆက်ရေနံစိမ်းနှင့် ဘရင့်ရေနံစိမ်းဈေးမှာ စက်တင်ဘာလ ၂၈ ရက်တွင် ၃ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၉၇ ရာခိုင်နှုန်းအသီးသီးတက်ခဲ့သည်။ ထို့ကြောင့် အနောက်တက္ကဆက်ရေနံစိမ်းနှင့် ဘရင့်ရေနံစိမ်းဈေးမှာ စက်တင်ဘာလ ၂၈ ရက်တွင် ကုန်ဆုံးသောသီတင်းပတ်တွင် တစ်စည်လျှင် ၇၃ ဒသမ ၂၅ ဒေါ်လာနှင့် ၈၂ ဒသမ ၇၂ ဒေါ်လာအသီးသီးဖြစ်ခဲ့သည်။ ရေနံတင်ပို့သောနိုင်ငံများအဖွဲ့အိုပက်၏အဖွဲ့ဝင်များက အစည်းအဝေးတွင် ရေနံတိုးမထုတ်ရန်ဆုံးဖြတ်ပြီးနောက် အောက်တိုဘာ ၁ ရက်တွင် အနောက်တက္ကဆက်ရေနံစိမ်းနှင့် ဘရင့်ရေနံစိမ်းဈေးမှာ ၁ ဒသမ ၃၂ ရာခိုင်နှုန်းနှင့် ၂ ဒသမ ၆၅ ရာခိုင်နှုန်းအသီးသီးတက်ပြီး တစ်စည်လျှင် ၇၂ ဒသမ ဝ၈ ဒေါ်လာနှင့် ၈၂ ဒသမ ၂၀ ဒေါ်လာအသီးသီးဖြစ်ခဲ့သည်။

အချို့သောသုတေသီများအဆိုအရ အီရန်၏တစ်နေ့စည်တစ်သန်းတင်ပို့မှုမှာ ဆန်ရှင်ကြောင့် လျော့ကျသွားနိုင်ကြောင်း ဆိုသည်။ ထိုစဉ်က အမေရိကန်ပြည်ထောင်စု၏ ရေနံစိမ်းတင်သွင်းနှုန်းမှာ ယခင်သီတင်းပတ်တွင် တစ်ရက်လျှင် စည် ၂ ဒသမ ၆၄ သန်းရှိခဲ့ရာမှ စည် ၂၂၂၀ဝ၀ ကျဆင်းခဲ့ကြောင်း သိရ သည်။

အမေရိကန်စွမ်းအင်သတင်းအုပ်ချုပ်မှုအဖွဲ့ EIA အဆိုအရ လက်ရှိသီတင်းပတ် အလိုက် အမေရိကန်ရေနံစိမ်းထုတ်လုပ်မှုမှာ စည်တစ်သိန်းတိုးတက်ခဲ့ပြီး တစ်ရက်လျှင် စည် ၁၁ ဒသမ ၁ သန်းထုတ်လုပ်နေကြောင်း သိရသည်။