ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်အတွင်း စက်လှေချင်းမျက်နှာချင်းဆိုင်တိုက်ရာမှ တစ်ဦးသေဆုံးခဲ့မှု စက်တင်ဘာ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၈ နာရီ မိနစ် ၅၀ အချိန်တွင် ပခုက္ကူမြို့နယ် ဧရာဝတီမြစ်အတွင်း၌ စက်လှေနှစ်စီး တိုက်မှုဖြစ်ပွားကာ လူသေဆုံးကြောင်းသတင်းအရ မြစ်ခြေနယ်မြေရဲစခန်းက သွားရောက် စစ်ဆေးခဲ့သည်။
သက်ဆိုင်ရာ၏ စုံစမ်းချက်အရ အရာတော်ကျေးရွာနေ အောင်နိုင်စိုး(၃၅)နှစ်မောင်းနှင်ပြီး ဒေါ်အေးသင်းပါ (၆)ဦး လိုက်ပါလာသော စက်လှေနှင့် အုဋ်ကျောင်းကျေးရွာနေ ကျော်ဦး(၃၆)နှစ်မောင်းနှင်လာသည့် စက်လှေတို့သည် အုဋ်ကျောင်းကျေးရွာအနီးဧရာဝတီမြစ်အတွင်း မျက်နှာချင်းဆိုင် ဝင်ရောက်တိုက်မိခဲ့သည်။ စက်လှေတိုက်မှုကြောင့် အောင်နိုင်စိုးတွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့သောကြောင့် ရေယာဉ်မောင်းနှင်သူ ၂ ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
မြစ်ခြေနယ်မြေရဲစခန်းက (ပ)၃၃/ ၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄ - က/၂၈၀ အရ အမှုဖွင့် အရေးယူထားသည်။















