ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်သို့ အသိပေး ခြင်းမရှိဘဲ ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလီယံနှင့် ကမ္ဘောဇဘဏ်မှ ကျပ်သန်း ၅,၅၀ဝ ချေးယူထားမှု တို့မှာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းကို ကျော်လွန်၍ ချေးထားသောငွေများဖြစ်နေ၍ ပြန်လည်ပေးဆပ်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က သဘောမတူကြောင်း ဆိပ်ကြီး ခနောင်တိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဒေါ်စန္ဒာမင်းက ပြောဆိုသည်။
အောက်တိုဘာ ၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်း အဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် ချုပ်၏ ၂၀၁၆–-၂၀၁၇ ဘဏ္ဍာနှစ်အတွက် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာအပေါ် ပြည်သူ့ ငွေစာရင်းကော်မတီ၏ လေ့လာတွေ့ရှိချက် နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် ပတ်သက်၍ဆွေးနွေးစဉ် ၎င်းကထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
အတည်ပြုချက်ရယူရမည်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျောင်းကားစီးရေ ၂၀ဝ ဝယ်ယူရန် အတွက်လည်း ကမ္ဘောဇဘဏ်မှကျပ်သန်း ၅ç၅၀ဝ ချေးယူထားခြင်းသည် တိုင်းဒေသကြီး အစိုးရအနေဖြင့် ခွင့်ပြုငွေမလုံလောက်၍ ထပ်မံလိုအပ်သဖြင့် အခြားမှချေးယူသည် ဆိုလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၀ အရ လွှတ်တော်သို့တင်ပြ အတည်ပြုချက် ရယူရမည်ဖြစ်ကြောင်း ဒေါ်စန္ဒာမင်းက ထောက်ပြခဲ့သည်။
ဝိုင်ဘီအက်စ်ယာဉ်များဝယ်ယူရန် ဧရာဝတီ ဘဏ်မှကျပ်ရှစ်ဘီလီယံချေးယူမှုကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်၏ခွင့်ပြုချက်ဖြင့် ချေး ယူခြင်းမဟုတ်ကြောင်းကိုလည်း ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောဆိုထားသည်။
မလုံလောက်၍ချေးယူ
ရန်ကုန်ဘတ်စ်ကား အများနှင့်သက် ဆိုင်သောကုမ္ပဏီလီမိတက်အမည်ဖြင့် တရုတ် နိုင်ငံထုတ်ဘတ်စ်ကားသစ်စီးရေ ၁၀ဝ၀ အား ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် တရုတ် နိုင်ငံအစိုးရတို့အချင်းချင်း ညှိနှိုင်းချက်အရ တစ်စီးလျှင် ကျပ် ၇၇ သန်းနှုန်းဖြင့် ဝယ်ယူခဲ့ ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ထည့်ဝင်ငွေ ကျပ် ၇၀ ဘီလီယံဖြင့် လုံလောက်မှုမရှိသော ကြောင့် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလီယံ ထပ်မံချေးယူကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။
















