ဘိန်းစိမ်း၊စိတ်ကြွဆေးများနှင့်အတူတွေ့ရှိသူ ၂ ဦးကို ဖမ်းမိ

ဘိန်းစိမ်း၊စိတ်ကြွဆေးများနှင့်အတူတွေ့ရှိသူ ၂ ဦးကို ဖမ်းမိ

နောင်ချိုမြို့နယ်ပြည်ထောင်စုလမ်းပေါ်တွင် ဘိန်းစိမ်း၊စိတ်ကြွဆေးများနှင့်အတူတွေ့ရှိသူ ၂ ဦးကို သက်ဆိုင်ရာက အောက်တိုဘာ ၂ ရက်နေ့က အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါနေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် နောင်ချို့မြို့ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွား ပြည်ထောင်စုကားလမ်းပေါ်တွင် လားရှိုးမြို့ နယ်မြေ ၁၉ ရပ်ကွက်နေ သိန်းဇံ(၄၇ နှစ်)မောင်းနှင်ပြီး မနီလာလွင် စီးနင်းလိုက်ပါလာသည့် မတ်တူးယာဉ်ကို မူးယစ်တပ်ဖွဲ့စု (၂၄) လားရှိုးမှရဲတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့သည်။ 
ယာဉ်မောင်းထိုင်ခုံပေါ်တင်ထားသည့် ကျောပိုးအိတ်အတွင်းမှ အဝါရောင်တိပ်ဖြင့်ပတ်လျက် အနက်ရောင်ကြွပ်ကြွပ်အိတ်အတွင်းမှ ဘိန်းစိမ်း ၆၀ဝ ဂရမ် ၊မနီလာလွင် ဝတ်ဆင်ထားသော ဘော်လီအင်္ကျီအတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၂၅ ပြားနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။ 
နောင်ချိုမြို့မရဲစခန်းက မယ(ပ)၆၇/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။