တာချီလိတ်မြို့နယ်တွင် အောက်တိုဘာ ၃ ရက်၌ သတင်းအရစစ်ဆေးရာက စိတ်ကြွဆေးပြားနှင့် ကျည်ဆံများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်တွင် တာချီလိတ်မြို့နယ်၊ ဖန်မင် အုပ်စု၊ ဧဒင်ရွာ၊ အေးရိပ်မြိုင်လမ်းမပေါ်တွင် မူးယစ်ဆေးဝါးသတင်းအရ လွယ်စီတုံရွာဘက်မှ ဖန်မင်ဘက်သို့ အားဟိုးမောင်းနှင်ပြီး ပီဆာ လိုက်ပါလာသည့် REVO TOYATA HILUX မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု (၃၀)(တာချီလိတ်)မှ တပ်ဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေခဲ့သည်။
ယာဉ်ရှေ့ခန်း Tool Box အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးကျပ် ၃၆ သိန်း) ပွိုင့် 45 ကျည် ၄၅ တောင့်၊ ထိုင်းဘတ်ငွေ ၃၀၁၅၀ ဘတ်၊ မြန်မာငွေ ကျပ် ၁၃၀ဝ၀၊ မော်တော် ယာဉ်ပေါ်တွင် ပါရှိသည့် ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ၄င်းတို့ကိုဖမ်းဆီးကာ စစ်ဆေးလျက်ရှိသည်။
တာချီလိတ် မြို့မရဲစခန်းက မယ(ပ)၈၅/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉(က)/၂၀(က)/၂၂(ခ)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















