အသက်မပြည့်သေးသူကို သားမယားပြုကျင့်ကာ ဆွဲကြိုးဖြတ်ယူတိမ်းရှောင်နေ သူကို ဖမ်းမိ

အသက်မပြည့်သေးသူကို သားမယားပြုကျင့်ကာ ဆွဲကြိုးဖြတ်ယူတိမ်းရှောင်နေ သူကို ဖမ်းမိ

တန့်ဆည်မြို့တွင် အသက်မပြည့်သေးသူကို  သားမယားပြုကျင့်ကာ ဆွဲကြိုးဖြတ်ယူတိမ်းရှောင်နေသူကို သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့ကြောင်း တန့်ဆည်မြို့မရဲစခန်းမှ အောက်တိုဘာ ၄ ရက်ကသိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့ ကျွန်းတောကုန်းရွာတွင် အောက်တိုဘာ ၁ ရက်က အသက် ၁၄ နှစ်အရွယ်ကျောင်းသူတစ်ဦးအား သားမယားပြုကျင့်ခဲ့ပြီး ၄င်းတွင်ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုးကို ဖြုတ်ယူထွက်ပြေးခဲ့သူ မော်လူးမြို့နယ်နေ ငယ်လေး(ခ)ဉာဏ်လင်းအောင် ကို အောက်တိုဘာ ၂ ရက် ညနေ ၆ နာရီ အချိန်ခန့်တွင် ချောင်းဦးရွာတွင်ဖမ်းဆီးရမိခဲ့သည်။ 

တန့်ဆည်မြို့မရဲစခန်းက (ပ)၁၆၂/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄/၃၀၂ အရ  အမှုဖွင့် ထားသည်။