ဆော်ဒီ သတင်းစာဆရာ တူရကီတွင် ပျောက်ဆုံးနေ

ဆော်ဒီ သတင်းစာဆရာ တူရကီတွင် ပျောက်ဆုံးနေ

ဒူဘိုင်း  (ယူအေအီး)-ဝါရှင်တန်ပို့စ် သတင်းစာ အတွက် ဝေဖန်ရေးဆောင်းပါးများ ရေးသားနေပြီး အိမ်ရှေ့မင်းသားအကြောင်း ဝေဖန်ခဲ့သည့် ဆော်ဒီနိုင်ငံသား သတင်းစာဆရာ တစ်ဦးသည် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးသို့ သွားရောက်ခဲ့ပြီး နောက် ယခုအခါ ပျောက်ဆုံးလျက်ရှိကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက အောက်တိုဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။

အသက် ၅၉ နှစ် အရွယ်ရှိ ဂျမား ခါရှိုးဂျီးသည် ဝါရင့် ဆော်ဒီ သတင်းစာဆရာ၊ နိုင်ငံခြားသတင်းထောက်၊ အယ်ဒီတာနှင့် ဆောင်းပါးရှင်ဖြစ်ပြီး ရှေးရိုး အစဉ်အလာစွဲလွန်းသည့် ဆော်ဒီအာရေဗျနိုင်ငံ တွင် ဝိဝါဒကွဲစရာ အရေးအသားများဖြင့် သတင်းတာဝန်များကို ထမ်းဆောင်ခဲ့ပြီး သူသည် အိမ်ရှေ့မင်းသား မိုဟာမက် နန်းလျာဖြစ်ပြီးနောက် အမေရိကန်တွင် သွားရောက်နေထိုင်ခဲ့သည်။

တင်စိန် ဘာသာပြန်သည်။