ဒူဘိုင်း (အာရပ်စော်ဘွားများနိုင်ငံ) ” ယီမင်နိုင်ငံရှိ သူပုန်များထိန်းချုပ်ထားသော ဟိုဒေးဒါးမြို့တော် ကောင်းကင်ယံထက်တွင် အာရပ်တပ်ဖွဲ့များထိန်းချုပ်သည့် ဒရုန်းလေယာဉ် တစ်စင်းရစ်ဝဲနေစဉ် ရှီလ်တီ ဟူသီသူပုန်ထိပ်တန်းအရာရှိတစ်ဦးကို သယ်ဆောင်လာသည့် အက်စ်ယူဗီကားသည် လမ်းသွယ်တစ်ခုပေါ်သို့တက်လာကာ ရပ်တန့်လိုက်ပြီး အစောင့်အရှောက်ပါသည့် ယာဉ်တန်းအား မီရန် အခြားယာဉ်များကို စောင့်ဆိုင်းနေသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အဆိုပါ အက်စ်ယူဗီယာဉ်သည် မီးတောက်များဖြင့် ပေါက်ကွဲသွားကာ ထိပ်တန်းနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဆာလေး အယ်လ်—ဆာမတ် သေဆုံးသွားသည်။
ဧပြီလက ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့သည့် ဒရုန်းလေယာဉ်သည် ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် နောက်ပိုင်း ယီမင်၊ အီရတ်နှင့် အာဖဂန် ကောင်းကင်ယံတွင် ဖြတ်သန်းနေသည့် အမေရိကန်လေယာဉ်များထဲမှ တစ်စင်းမဟုတ်ပေ။ တရုတ်တို့၏ လေယာဉ်ဖြစ်သည်။
အခုဆို တရုတ်ထုတ်ကုန်ပစ္စည်းတွေက နည်းပညာလိုအပ်ချက် မရှိဘူး။ ဈေးကွက်ဝေစုမရတာဘဲ ရှိတာ။ နောက်ပြီး အမေရိကန်က...
အရှေ့အလယ်ပိုင်းတစ်ခုလုံးတွင် အရပ်သားသေဆုံးမှုများသည့်အတွက် ဥပဒေအရ အမေရိကန်ထုတ် ဒရုန်းများကို ဝယ်ယူခြင်းမှ အာရပ်နိုင်ငံများကို ပိတ်ပင်ထားရာ လက်နက်တပ်ဆင်ထားသည့် ဒရုန်းများကို ကမ္ဘာပေါ်တွင် အဓိကဖြန့်ချိသူများဖြစ်သည့် တရုတ် လက်နက် အရောင်းအဝယ်လုပ်သူများက အဆိုပါနိုင်ငံများကို မြှူဆွယ်နေသည်။
"အခုဆို တရုတ်ထုတ်ကုန်ပစ္စည်းတွေက နည်းပညာလိုအပ်ချက် မရှိဘူး။ ဈေးကွက်ဝေစုမရတာဘဲ ရှိတာ။ နောက်ပြီး အမေရိကန်က သူ့ရဲ့ လက်နက်တင်ပို့ရောင်းချမှုကို ကန့်သတ်ထားတယ်။ ဒီအချက်က တရုတ်အတွက် အခွင့်အလမ်းတစ်ခုဆိုတာ အသေအချာပဲ" ဟု တရုတ် စစ်ဘက်ရေးရာ လေ့လာဆန်းစစ်သူ ဆောင်းကောင်ပင်းက ပြောသည်။
အမေရိကန်လုံခြုံရေး အကျိုးစီးပွားရေးအတွက် အရေးပါသော အရှေ့အလယ်ပိုင်း ဒေသတစ်ဝန်းတွင် တရုတ်၏ သြဇာအာဏာလွှမ်းမိုးမှု ချဲ့ထွင်ခြင်းကို လက်နက်ရောင်းဝယ်မှုက အထောက်အကူပေးနေသည်။
ယခုနှစ်အစပိုင်းက ဆော်ဒီအာရေဗျ တောင်ပိုင်းကို ဖြတ်ကျော်သွားသည့် ဂြိုဟ်တုတစ်လုံးက လေယာဉ်ကွင်းတွင် အမေရိကန်ထုတ် ထောက်လှမ်းရေးဒရုန်းများနှင့်အတူ တရုတ်က ထုတ်လုပ်ထားသည့် လက်နက်တင်ဆင်ထားသည့် ဒရုန်းများအား ဓာတ်ပုံရိုက်ကူးခဲ့သည်။
နယူးယော့ခ်ရှိ ဘာ့ဒ်ကောလိပ်က ဒရုန်းလေ့လာရေးဗဟိုဌာန၏ အဆိုအရ ယီမင်စစ်ပွဲတွင် အသုံးပြုနေသည့် စနစ်နှစ်မျိုးပါဒရုန်း၏ ပထမဆုံး မှတ်တမ်းတင်နိုင်သည့် နမူနာဖြစ်သည်ဟု ဆိုသည်။ ယီမင်သည် ဒရုန်းများစမ်းသပ်ရာနယ်မြေ ဖြစ်သည်ဟု အဆိုပါဌာနက တွဲဖက်ဒါရိုက်တာဖြစ်သူ ဒန်ဂတ်တင်ဂျာက ဆိုသည်။
၂၀ဝ၂ ခုနှစ်က အယ်လ်ကေဒါစစ်သွေးြွကများအားသတ်ဖြတ်ရန် ယီမင်တွင် အမေရိကန်ဒရုန်းများကို ပထမဆုံး အသုံးပြုခဲ့သည်။ တရုတ်တို့ ပြည်ပသို့ တင်ပို့ရောင်းချမှုများအနက် အများဆုံးမှာ နိုင်ငံတော်ပိုင် တရုတ် အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းမှ ထုတ်လုပ်သည့် ကိုင်ဟောင် (စီအိတ်ချ်) ခေါ် သက်တံ့ရောင်စီးရီး ဒရုန်းများဖြစ်သည်။
၂၀၁၄ ခုနှစ်ကတည်းက တရုတ်သည် စီအိတ်ချ် -”၄ အစင်း ၃၀ ကျော်ကို ဆော်ဒီ အာရေဗျနှင့် အီရတ်အပါအဝင် အခြားနိုင်ငံများသို့ ရောင်းချခဲ့ရာ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၇၀ဝ ကျော်ရှိသည်ဟု အာကာသသိပ္ပံနှင့် နည်းပညာကော်ပိုရေးရှင်းထံမှ သိရသည်။ စီအိတ်ချ်”-၄ များဝယ်ယူရန် နိုင်ငံ ၁၀ နိုင်ငံနှင့် ယခုလောလောဆယ် ဆွေးနွေးညှိနှိုင်းနေသည်ဟု အဆိုပါ ကော်ပိုရေးရှင်းကပြောသည်။ စုစုပေါင်း လက်နက်ရောင်းချရမှုတွင် တရုတ်သည် အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဂျာမနီတို့နောက်တွင် ကျန်နေသေးသော်လည်း အမှီလိုက်နေသည်။ ၂၀ဝ၈ မှ ၂၀၁၇ ခုနှစ်အတွင်း တရုတ်တို့၏ လက်နက်တင်ပို့ရောင်းချမှုသည် ၃၈ ရာခိုင်နှုန်းမြင့်တက်လာသည်ဟု ကမ္ဘာ့လက်နက်ကုန်သွယ်မှုကို ခြေရာခံသည့် စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန၏ အဆိုအရ သိရသည်။

















