အယ်လ်ဇိုင်းမား ကာကွယ်ရေးသက်ရှည်ကျန်းမာ သုတေသန

အယ်လ်ဇိုင်းမား ကာကွယ်ရေးသက်ရှည်ကျန်းမာ သုတေသန

ဖီးနစ် ” စိတ်ဓာတ်ကျဆင်းနေသူ အယ်လ် ဇိုင်းမားခေါ် အတိတ်မေ့ရောဂါ သက်သာ ရာရရန် နောက်ကျလွန်းတတ်သည်။ မှတ်Óဏ်နှင့် စဉ်းစားမှုစွမ်းရည် ပကတိ အတိုင်းရှိနေဆဲတွင် ကုသခြင်းက ဦးနှောက် ပြောင်းခြင်းများကို အစောဆုံးမှန်းဆနိုင် ခဲ့လျှင် ထိုရောဂါကို ကာကွယ်နိုင်မည်လော ဆိုခြင်းကို သုတေသနနှစ်ခုဖြင့် အစွမ်းကုန် ကြိုးပမ်းလျက်ရှိသည်။ အမေရိကန်ပြည် ထောင်စုနှင့် အချို့နိုင်ငံများရှိ ဆေးရုံများက အဆိုပါသုတေသနလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်လိုသည့် အသက်အရွယ် ကြီးရင့်ပြီး ကျန်းမာရေးကောင်းမွန်သူများ လာရောက် စာရင်းပေးလျက်ရှိသည်။

"အယ်လ်ဇိုင်းမားခေါ် အတိတ်မေ့ရောဂါစိတ်ဝင်စားစရာက ချက်ချင်းကာကွယ်ခြင်းဖြစ်တယ်"ဟု ဖီးနစ်ရှိBanner Alzheimer's Institute ၏ အမှုဆောင်အရာရှိဖြစ်ပြီး သုတေသနလုပ်ငန်းကို ဦးဆောင်သူ ဒေါက်တာ အီရစ်ရီမင်းက ဆိုသည်။

အယ်လ်ဇိုင်းမားရောဂါ ကုသရေး တိုးတက်စေရေးအတွက် ဆေးဝါးရှာရန် သိပ္ပံပညာနယ်ပယ်၌ ယခုအထိ မအောင်မြင်သေးပေ။ လွန်ခဲ့သော ဆယ်စုနှစ်တစ်စုလုံး ကြံစည်သုတေသနပြုမှု၊ အားထုတ်မှု ၁၄၆ မှု မအောင်မြင်ကြောင်း မကြာမီက ထုတ်ပြန်သော အစီရင်ခံစာက ဆိုသည်။

အယ်လ်ဇိုင်းမားခေါ် အတိတ်မေ့ရောဂါစိတ်ဝင်စားစရာက ချက်ချင်းကာကွယ်ခြင်းဖြစ်တယ် ....

ရောဂါရှိသည့် လူ၏ဦးနှောက်တွင် ပိတ်ဆို့သည့် စေးကပ်သော အနယ်အနှစ် ကိုဖယ်ရှားသည့် ဆေးဝါးသည် စိတ်ဓာတ် ကျဆင်းမှုကို ရှောင်လွှဲနိုင်ကြောင်း အထောက်အထား မပြနိုင်ပေ။ အသက် ၅၅ နှစ်မှ ၇၅ နှစ်ရှိပြီး စိတ်ဓာတ်ကျဆင်းမှု တစ်စုံတစ်ရာမရှိသော ပါဝင်ဆောင်ရွက် ရန်စိတ်ဝင်စားသည့် သက်ကြီးပုဂ္ဂိုလ်များ လျှို့ဝှက်မှတ်ပုံတင်ရုံGene Matchသို့ပါဝင်လိုသူများက ပထမဝင်ရမည်။

၎င်းတို့ကို APOE4  မျိုးရိုးဗီဇအတွက် စစ်ဆေးသည်။ လေးဦးတွင် တစ်ဦးမှာ မျိုးရိုးဗီဇ ပုံတူတစ်ခုရှိပြီး နှစ်ရာခိုင်နှုန်းတွင် မိဘတစ်ဦးစီက တစ်ခု၊ စုစုပေါင်း ပုံတူ နှစ်ခုရှိသည်။ လွန်ခဲ့သော သုံးနှစ်က မှတ်ပုံတင်ရုံး စဖွင့်ကတည်းက လူ ၇၀,ဝ၀ဝ ကျော်ပါဝင်ရန် သဘောတူခဲ့ ကြောင်းBanner လေ့လာရေးဦးဆောင် သူများထဲမှ တစ်ဦးဖြစ်သူ ဂျက်စီကာ လန်ဂ်ဘွန်းက ဆိုသည်။

အသက် ၆၇ နှစ်အရွယ် မိခင် အိုဗီဆီးဂဲလ်သည် ပါးကို ဂွမ်းလုံးဖြင့်သုတ်ယူပြီး ဒီအင်န်အေ နမူနာကိုပေး၍ သြဂုတ်လ၌ မှတ်ပုံတင်ရုံးသို့ဝင်ခဲ့သည်။ ၎င်း၏ဖခင်သည်Banner  တွင် လူနာတစ်ဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အသက် ၈၇ နှစ်၌ အယ်လ်ဇိုင်းမားရောဂါဖြင့် သေဆုံးခဲ့သည်။

ကာကွယ်ရေးလေ့လာမှု နှစ်ခုအနက် တစ်ခု တွင်ပါဝင်ရန် လူများသည် ၎င်းတို့၏ ဗဏဥန၄ အဆင့်အတန်းကို လေ့လာသင်ယူရန် သဘောတူရပြီး မျိုးရိုးဗီဇ၏ ပုံတူတစ်ခုထက်မနည်း ရှိရမည်။

ပါဝင်သူများကို ပုံမှန်ရောင်ခြည်ဖြင့် ဦးနှောက်ကို စစ်ဆေးပြီး ခြောက်လကြာ တိုင်း မှတ်Óဏ်နှင့် စဉ်းစားမှုဆိုင်ရာ စမ်းသပ်ခြင်းကို ပြုလုပ်ရသည်။

လေ့လာရေးတစ်ခုက မျိုးရိုးဗီဇပုံတူ နှစ်ခုရှိ လူများကို စာရင်းသွင်းနေသည်။ ဦးနှောက်က စေးကပ်သော အနယ်အနှစ် ကို ကိုယ်ခံအားက ရှင်းထုတ်နိုင်ရန် လအနည်းငယ်ကြာတိုင်း ဆေးထိုးခြင်း၊ သို့မဟုတ် အနယ်အနှစ်ဖြစ်ပေါ်မှု ပထမ အဆင့်များကို ကာကွယ်ရန်အလို့ငှာ နေ့စဉ် ဆေးပြား၊ သို့မဟုတ် ထိုလက်တွေ့ ကုသမှုများအတွက် အာနိသင်မရှိသော ဆေးဝါးများကို ပေးသည်။

အခြားလေ့လာရေးက APOE4  ပုံတူ နှစ်ခု၊ သို့မဟုတ် မျိုးရိုးဗီဇ ပုံတူတစ်ခုနှင့် အနယ်အနှစ် စတင်ဖြစ်ပေါ်နေမှုကို ဦးနှောက်ကို ရောင်ခြည်ဖြင့် စစ်ဆေး ခြင်းကရရှိသည့် အထောက်အထားရှိသူ များကို လေ့လာသည်။ ၎င်းတို့ကို အနယ် အနှစ်ဖြစ်ပေါ်မှုကို ကာကွယ်သည့် ဆေးဝါးနှစ်ခွက်စာနှင့် အာနိသင်မရှိသော ဆေးဝါး များကို ပေး၍စမ်းသပ်ခဲ့သည်။