ဝိုင်ဘီအက်စ်ယာဉ်များထံမှ တစ်ရက် ကျပ် ၄၀ဝ၀ ကောက်ခံမှု ယာဉ်ရပ်နားဝင်းဆောက်ရန်နှင့် ဝိုင်ဘီအက်စ်အဆင့်မြှင့်တင်ရာ၌ သုံးစွဲနေဟု တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော် ပြောဆို

ဝိုင်ဘီအက်စ်ယာဉ်များထံမှ တစ်ရက် ကျပ် ၄၀ဝ၀ ကောက်ခံမှု ယာဉ်ရပ်နားဝင်းဆောက်ရန်နှင့် ဝိုင်ဘီအက်စ်အဆင့်မြှင့်တင်ရာ၌ သုံးစွဲနေဟု တိုင်းဒေသကြီးဝန်ကြီး ဒေါ်နီလာကျော် ပြောဆို

ဝိုင်ဘီအက်စ်ယာဉ်များထံမှ တစ်စီးလျှင် တစ်ရက် ကျပ် ၄၀ဝ၀ ကောက်ခံနေရာ ယင်း ငွေကြေးများအား ဝိုင်ဘီအက်စ်ယာဉ်ရပ်နား ဝင်းတည်ဆောက်ရန်နှင့် ဝိုင်ဘီအက်စ်စနစ် အဆင့်မြှင့်တင်ရာ၌သုံးစွဲနေကြောင်း ရန်ကုန် တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်း ပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၄ ရက်၌ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေး၌ ပြောဆိုခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြေးဆွဲနေ သည့် ဝိုင်ဘီအက်စ်ယာဉ်များအား သတ်မှတ် ချက်များဖြင့်ပြည့်စုံမှသာ ပြေးဆွဲခွင့်ပြုခြင်း ဖြစ်ကြောင်း၊ ဝိုင်ဘီအက်စ်တွင်ပြေးဆွဲသည့် ပုဂ္ဂလိကပိုင်များအား စုစည်းထားသည့် သတ် မှတ်စည်းကမ်းလိုက်နာသော ကုမ္ပဏီငယ်များ အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က မည်သို့ မြေတောင်မြှောက် အကူအညီပေးမည်ကို သိလိုကြောင်း ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးတင် ဝင်း၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

အဆင့်မြှင့်တင်ရေး

"ဝိုင်ဘီအက်စ်ယာဉ်လိုင်းများမှ တစ်စီး လျှင် တစ်ရက် ကျပ် ၄၀ဝ၀ ပေးဆောင်တာကို အဝေးပြေးယာဉ်ရပ်နားဝင်း အဆင့်မြှင့်တင် ရေး၌ သုံးစွဲရန်ရှိပြီး ဝိုင်ဘီအက်စ်ယာဉ်ရပ် နားဝင်းတည်ဆောက်ရန်နဲ့ ဝိုင်ဘီအက်စ်စနစ် တိုးမြှင့်ရေးတို့၌လည်း သုံးစွဲနေပါတယ်" ဟု ၎င်းက ပြောဆိုသည်။

သတ်မှတ်ချက်နှင့်ညီညွတ်မှ

သတ်မှတ်ချက်နှင့်ညီညွတ်သောယာဉ် များသာ ဝိုင်ဘီအက်စ်၌ ဝင်ရောက်ပြေးဆွဲ စေခြင်းဖြစ်ပြီး အမြင်မတင့်တယ်သော၊ စက် ပိုင်းဆိုင်ရာ ချွတ်ယွင်းယာဉ်များ ပြေးဆွဲ၍ မရဘဲ ယာဉ်တစ်စီးပြေးဆွဲမည်ဆိုပါက စစ် ဆေးမှုများပြုလုပ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဝိုင်ဘီအက်စ်စနစ်ဖွံ့ဖြိုးရေး

လက်ရှိပြေးဆွဲနေသော ဝိုင်ဘီအက်စ် ယာဉ်များကိုလည်း ကြီးကြပ်ကွပ်ကဲရာ၌ ထိရောက်မှုရှိစေရန် ဂျီပီအက်စ်တပ်ဆင်ထား ကြောင်း၊ ဘတ်စ်ကားစနစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီပေးလျက်ရှိသည့် ပြည်ပအဖွဲ့ အစည်းများ၏အကူအညီဖြင့် ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝိုင်ဘီအက်စ်စနစ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံဆောင်ရွက်ပေးလျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ပြေးဆွဲနေ

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ် ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့စီမံမှုအောက်တွင် ဝိုင်ဘီအက်စ်ယာဉ် လိုင်းကုမ္ပဏီ ၁၉ ခုနှင့် ပုဂ္ဂလိကယာဉ်လိုင်း ကြီးကြပ်အစုအဖွဲ့ရှစ်ဖွဲ့မှ ယာဉ်စီးရေ ၅၀ဝ၀ ကျော် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး