အမေရိကန်ပြည်ထောင်စု တောင်ကာရို လိုင်းနားပြည်နယ်တွင် သေနတ်ကိုင်ထားသူ တစ်ဦးက ပစ်ခတ်မှုကြောင့် ရဲဝန်ထမ် ခုနစ် ဦးအထိ ဒဏ်ရာရရှိခဲ့သည်။
ကယ်တင်နိုင်ခဲ့
သေနတ်သမားသည် ကလေးများကို ဓားစာခံလုပ်ကာ အိမ်အတွင်းမှ နှစ်နာရီခန့် ခုခံပစ်ခတ်နေပြီးမှ လက်နက်ချခဲ့ကြောင်း သိရ သည်။ သေနတ်သမားအမည်ကို တောင်ကာရို လိုင်းနားရဲတပ်ဖွဲ့က ထုတ်ပြန်ခြင်းမရှိသေး သလို မည်သည့်အတွက်ကြောင့် ကလေးများကို ဓားစာခံလုပ်ကာ ရဲများကိုပစ်ခတ်ခဲ့ကြောင်း ကိုလည်းမသိရသေးဘဲ နှစ်နာရီကြာ မတိုးသာ မဆုတ်သာအနေအထားဖြင့် အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီးနောက်တွင်မှ သေနတ် သမားလက်နက်ချကာ ကလေးများကို အနာ တရမရှိ ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ ဖလောရန့်မြို့စွန်ပိုင်းရှိ နေအိမ်တစ်လုံးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေနတ်သမားပစ်ခတ်မှုကြောင့် ဒဏ်ရာ ရသည့်ရဲဝန်ထမ်းများကို ကျည်ကာယာဉ်အသုံး ပြုကာ ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။ တောင်ကာရိုလိုင်းနားပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလကလည်း အသက်(၄၇)နှစ်အရွယ် ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးသည် လင် မယားချင်း စကားများရာမှ ရဲက ဝင်ရောက် ဖျန်ဖြေရာတွင် ပစ်ခတ်သဖြင့် ရဲတစ်ဦးသေဆုံး ခဲ့ရသည်။ ပစ်ခတ်သူ ခရစ်ရှန်မက်ကောကို လွတ်ငြိမ်းခွင့်မရှိ ထောင်ဒဏ်တစ်သက်ချမှတ် ခဲ့သည်။ ဖလောရန့်မြို့သည် လူ ၃၇၀ဝ၀ ဝန်းကျင်နေထိုင်သောမြို့ဖြစ်သည်။
သေဆုံးခဲ့
အမေရိကန်နိုင်ငံတွင် တာဝန်ထမ်းဆောင် ရင်း သေဆုံးသည့်ရဲဝန်ထမ်း ၂၃၄၀၈ ဦးရှိပြီ ဖြစ်ကာ ယခုနှစ်အတွင်း ၁၁၂ ဦးသေဆုံးခဲ့ ကြောင်း အစိုးရစာရင်းများအရ သိရသည်။ ၂၀၁၇ ခုနှစ်အတွင်း သေနတ်ကိုင်အကြမ်းဖက် မှုများကြောင့် အမေရိကန်တွင် လူ ၁၅၀ဝ၀ ကျော်သေဆုံးခဲ့ကြောင်းလည်း သေနတ်ကိုင် အကြမ်းဖက်မှုမှတ်တမ်း အစီရင်ခံစာအရ သိရသည်။
















