ဂျပန်-မဲခေါင်ဖိတ်ခေါ် ယူ-၁၇ပြိုင်ပွဲ၌ မြန်မာအသင်း ပွဲဦးထွက်အနိုင်ရ

ဂျပန်-မဲခေါင်ဖိတ်ခေါ် ယူ-၁၇ပြိုင်ပွဲ၌ မြန်မာအသင်း ပွဲဦးထွက်အနိုင်ရ

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် JENESYS 2018 Japan-Mekong ယူ-၁၇ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ ယူ-၁၇ အသင်းသည် အောက်တိုဘာ ၅ရက်က ပွဲဦးထွက်အဖြစ် ဗီယက်နမ်အသင်းနှင့်ယှဉ်ပြိုင်ခဲ့ရာ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

တစ်လုံးတည်းသောဂိုး

မြန်မာအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်၄၄ မိနစ်တွင် အောင်ကိုဦးကသွင်းယူပေးခဲ့သည်။ မြန်မာယူ-၁၇အသင်းသည် ဒုတိယပိုင်းတွင်လည်း ဂိုးသွင်းခွင့် အခွင့်အရေးများရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့၍ ပွဲအပြီး၌ တစ်ဂိုး ဂိုးမရှိရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် အုပ်စုတွင်း၌ ဂျပန်၊ဗီယက်နမ်၊ကမ္ဘောဒီးယားအသင်းတို့နှင့်အတူ ကျရောက်ခဲ့ပြီး ဒုတိယပွဲအဖြစ် အောက်တိုဘာ ၆ရက်(ယနေ့)တွင် ဂျပန်အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အနိုင်ရရန်လိုအပ်

ပြိုင်ပွဲကို နေ့စဉ်ကစားမည်ဖြစ်ပြီး အောက်တိုဘာ ၇ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် အုပ်စုနောက်ဆုံးပွဲကစားမည်ဖြစ်သည်။ ဗိုလ်လုပွဲကို အောက်တိုဘာ ၈ ရက်တွင် ကစားမည်ဖြစ်ပြီး မြန်မာအသင်းသည် ဗိုလ်လုပွဲတက်ရောက်ရန်အတွက် ယနေ့ကစားမည့် ဂျပန်နှင့်ပွဲကို အနိုင်ရရှိရန် လိုအပ်နေသည်။ မြန်မာယူ-၁၇အသင်းကို နည်းပြချုပ်အဖြစ် ဦးညီညီလတ်က ကိုင်တွယ်နေပြီး ကစားသမား ၂၀ ဦးဖြင့် ယှဉ်ပြိုင်လျက်ရှိသည်။
 



ဖတ်ရှုမှုအများဆုံး