မြန်မာဖူဆယ်အပြီးသတ်ကစားသမား ၂၀ဦးစာရင်း ထွက်လာ

မြန်မာဖူဆယ်အပြီးသတ်ကစားသမား ၂၀ဦးစာရင်း ထွက်လာ

အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံသို့ သွားရောက်လေ့ကျင့်ခြေစမ်းမည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း အပြီးသတ်ကစားသမား ၂၀ဦးစာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ထွက်ခွာမည်

မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းသည် စက်တင်ဘာ ၁၆ရက်မှစတင်၍ ကစာသမား ၂၂ဦးဖြင့် စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၉ရက် နံနက် ၁နာရီတွင် တရုတ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ် သည်။ မြန်မာဖူဆယ်အသင်းသည် တရုတ်နိုင်ငံ၊ Qingdao မြို၌ အောက်တိုဘာ၂၀ရက်အထိ လေ့ကျင့်မည်ဖြစ်ပြီး ခြေစမ်းပွဲအနည်းဆုံး လေးပွဲယှဉ်ပြိုင်ရန် စီစဉ်ထားသည်။ မြန်မာဖူဆယ်အသင်း၏ အပြီးသတ်စာရင်းတွင် VUCအသင်း ဂိုးသမားဇော်မျိုးထိုက်နှင့် Pyay United မှ မင်းဟိန်းထက်တို့ပါဝင်လာခဲ့ခြင်းမရှိခဲ့ဘဲ အသင်းအုပ်ချုပ်သူအဖြစ် ဦးကြည်မင်းသိန်း၊နည်းပြချုပ်အဖြစ် ဦးဌေးမြင့်တို့က တာဝန်ယူမည်ဖြစ်သည်။

ကျရောက်လျက်ရှိ

အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအသင်းသည် အုပ်စု(က)၌ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့်အတူ တစ်အုပ်စုတည်းကျရောက်လျက်ရှိပြီး ပြိုင်ပွဲကို နိုဝင်ဘာ ၅ရက်မှ ၁၁ ရက်အထိကျင်းပမည်ဖြစ်သည်။

မြန်မာလက်ရွေးစင်ဖူဆယ်အပြီးသတ်လူစာရင်း

မြန်မာလက်ရွေးစင်ဖူဆယ်အပြီးသတ်လူစာရင်းမှာ ဇွဲပြည့်စုံ၊ ကျော်ထက်အောင်၊ ရန်ပိုင်ဟိန်း(ဂိုး) ၊ သန့်ဇင်၊ ကောင်းချစ်သူ၊ ရဲရင့်ဦး၊ ကျော်စိုးမိုး၊ နိုင်ရဲကျော်၊ ပြည့်ဖြိုးမောင်(၂)၊ခင်ဇော်လင်း၊ ပြည့်ဖြိုးမောင်(၃)၊ လှိုင်မင်းထွန်း၊ ကိုကိုလွင်၊ ပုည၊ မျိုးမြင့်စိုး၊ စိုင်းပြုံးအောင်၊ ငြိမ်းမင်းစိုး၊ အောင်ဇင်ဦး၊ နိုင်လင်းထွန်းကျော်၊ ဝေဇင်ဦးတို့ ဖြစ်ကြောင်း သိရသည်။



ဖတ်ရှုမှုအများဆုံး