ဂျပန်-မဲခေါင်ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာယူ-၁၇အသင်း အိမ်ရှင်ဂျပန်ကို ရှုံးနိမ့်

ဂျပန်-မဲခေါင်ဖိတ်ခေါ်ပြိုင်ပွဲ၌ မြန်မာယူ-၁၇အသင်း အိမ်ရှင်ဂျပန်ကို ရှုံးနိမ့်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် JENESYS 2018 Japan-Mekong ယူ-၁၇ ဘောလုံးပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် အိမ်ရှင်ဂျပန်နှင့် မြန်မာအသင်းတို့ယှဉ်ပြိုင်ခဲ့ရာ သုံးဂို တစ်ဂိုးဖြင့် မြန်မာအသင်း ရှုံးနိမ့်ခဲ့သည်။

ရပ်တည်နေ

မြန်မာအသင်းသည် အိမ်ရှင်ဂျပန်အသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း ခြေရည်တူယှဉ်ပြိုင်နိုင်ခဲ့ပြီး ချေပဂိုးရရန် အခွင့်အရေးများအကောင်းဆုံးရခဲ့သော်လည်း ဂျပန်နောက်ခံလူများနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့သည်။ ထို့နောက် ဂျပန်အသင်းမှ တတိယဦးဆောင်ဂိုးသွင်းယူခဲ့ပြီး နှစ်ပွဲကစား၊ရမှတ် ၆မှတ်ဖြင့် အုပ်စုကို ဦးဆောင်ထားခဲ့သည်။ အခြားပွဲစဉ်တွင် ဗီယက်နမ်မှာ ငါးဂိုး ဂိုးမရှိဖြင့် ကမ္ဘောဒီးယားကို အနိုင်ရခဲ့၍ မြန်မာအသင်းထက် ဂိုးကွာခြားချက်အသာဖြင့် အုပ်စုဒုတိယ၌ ရပ်တည်နေသည်။

မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၇ရက်(ယနေ့)တွင် ကမ္ဘောဒီးယားအသင်းနှင့်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဂိုးပြတ်အနိုင်ရမှသာ အုပ်စုဗိုလ်အဖြစ် မျှော်လင့်နိုင်မည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး