တောကြက်ပစ်သူ တူမီးသေနတ်ကျည်ပေါက်ပြီး သေဆုံး

တောကြက်ပစ်သူ တူမီးသေနတ်ကျည်ပေါက်ပြီး သေဆုံး

ကောလင်းမြို့နယ်တွင် တောကြက်ပစ်သူ တူမီးသေနတ်ကျည် ပေါက်ထွက်ပြီး သေဆုံးခဲ့မှု အောက်တိုဘာ ၆ ရက်က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ နံနက် ၃ နာရီ အချိန်ခန့်တွင် ကောလင်းမြို့နယ် ဆင်ဂေါင်း ကျေးရွာအနီး ဇော်ချောင် ကမ်းစပ် ချပ်သင်းဘေးမဲ့တောအတွင်း ကျော်သိန်း(၂၇)နှစ်နှင့် သန်းလင်း (၃၅)နှစ်တို့နှစ်ဦး တူမီးသေ နတ်ဖြင့်တောကြက်ပစ်ပြီးပြန်လာခဲ့သည်။
ထိုသို့ပြန်လာပြီးနောက်  အရှည် ၃ ပေ ၈ လက်မခန့်ရှိ တူမီးသေနတ်ကို ကျော်သိန်းက ခြုံ အတွင်း ဝှက်သိမ်းရာက ကျည်ပေါက်ထွက်ပြီး ၎င်း၏ရင်ညွန့်မှခဲသီးဖောက်ဝင်၍ ကျောကုန်းမှ ဖောက် ထွက်သည့် ဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
 ကောလင်းမြို့မရဲစခန်းက (ပ)၂၆၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူထားသည်။