အောက်တိုဘာ ၈ ရက်မှ ၁၁ရက်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

အောက်တိုဘာ ၈ ရက်မှ ၁၁ရက်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

အောက်တိုဘာလ ၈ ရက် မှ ၁၁ရက်အတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း ရခိုင်ကမ်းလွန်ဒေသတွင် အားကောင်းသော လေစိုင်ဝဲတစ်ခုဖြစ်လာနိုင်ပြီး ယင်းလေစိုင်ဝဲသည် ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင် ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း ၏ လူမူကွန်ရက်မှတစ်ဆင့်ပြောဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဖက်ကိုရွေ့လျားပြီး အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်မည်ဟုခန့်မှန်းထားကြောင်းလည်း ၎င်း ကပြောဆိုသည်။

အောက်တိုဘာ ၈ ရက် ၌ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တွင် နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၂)ပေမှ (၅)ပေခန့် ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမူဦးစီးဌာနက ထုတ်ပြန်ထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး