သမီးအရင်းကို သားမယားကျင့်ခဲ့သူကို ဖမ်းဆီးစဉ် ဓား၊လှံတို့ဖြင့် ပြန်လည်ခုခံ၍ ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရ

သမီးအရင်းကို သားမယားကျင့်ခဲ့သူကို ဖမ်းဆီးစဉ် ဓား၊လှံတို့ဖြင့် ပြန်လည်ခုခံ၍ ရဲတပ်ဖွဲ့က လုံးထွေးဖမ်းဆီးခဲ့ရ

တနင်္သာရီမြို့နယ်တွင် ဖခင်ဖြစ်သူက သမီးကို သားမယားပြုကျင့်မှုဖြစ်ပွားခဲ့သည်ဆိုကာ လာရောက်တိုင်တန်းသဖြင့် အောက်တိုဘာ ၆ ရက်တွင် သက်ဆိုင်ရာက သွားရောက်ဖမ်းဆီးစဉ် ဓါး၊ လှံတို့ဖြင့် ပြန်လည်ခုခံသောကြောင့် လုံးထွေးဖမ်းဆီးခဲ့ရကြောင်း သိရသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းတွင် တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာအုပ်စုတွင် ခင်ပွန်းဖြစ်သူ ဦးဝင်းနိုင်က အသက် ၂၁ နှစ်အရွယ် သမီးအရင်းကို သားမယားပြုကျင့်သဖြင့် ကိုယ်ဝန် ၂ လခန့်ရရှိနေကြောင်း အမျိုးသမီးကြီးတစ်ဦးက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ရဲတပ်ဖွဲ့သို့တိုင်ကြားသဖြင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖမ်းဆီးစစ်ဆေးရန် သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဉ် ဦးဝင်းနိုင်က ဖမ်းဆီးစစ်ဆေးမည့် အဖွဲ့ဝင်များကို ဓါး၊ လှံတို့ဖြင့် ပြန်လည် ခုခံခဲ့ သောကြောင့် လုံးထွေးဖမ်းဆီးခဲ့သည်။

တကူးနယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၃၀၇/၃၅၃ တို့အရ အမှုဖွင့်အရေးယူထားသည်။