တပ်ကုန်းမြို့တွင် စိတ်ကြွဆေးပြား တစ်သောင်းကျော် ဖမ်းမိ

တပ်ကုန်းမြို့တွင် စိတ်ကြွဆေးပြား တစ်သောင်းကျော် ဖမ်းမိ

တပ်ကုန်းမြို့နယ် ကျောက်ကြီးတောင်တဲစုမှ စိတ်ကြွဆေးပြား တစ်သောင်းကျော်ကို သက်ဆိုင်ရာက အောက်တိုဘာလ ၆ ရက်နေ့ တွင် ဖမ်းဆီးခဲ့သည်။

အဆိုပါနေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်တွင် တပ်ကုန်းမြို့နယ် ရွှေမောင်းဂွက်ကျေးရွာအုပ်စု သုံးလမ်းဆုံ ကျေးရွာ ကျောက်ကြီးတောင်တဲစုနေ ဒေါ်စိုးတင် ၇၀ နှစ် နေအိမ်တွင် မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု(၁၀၁)မှ တပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့သည်။ ၄င်း၏ နေအိမ်အနောက်ဘက် မီးဖိုခန်းအတွင်း ကျပ်ခိုးစင်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၁၂၀ ပြား ကျပ် ၃၀၃ သိန်းဖိုးခန့်တွေ့ရှိ သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။ 
တပ်ကုန်းမြို့မရဲစခန်းက မယ(ပ)၁၈/၁၈ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၀(က)အရ အမှုဖွင့် အရေးယူထားသည်။