မြန်မာနှင့်ဘိုလီဗီးယားအသင်းခြေစမ်းပွဲကြိုလက်မှတ်များ အောက်တိုဘာ ၈ရက်မှ စတင်ရောင်းချမည်

မြန်မာနှင့်ဘိုလီဗီးယားအသင်းခြေစမ်းပွဲကြိုလက်မှတ်များ အောက်တိုဘာ ၈ရက်မှ စတင်ရောင်းချမည်

မြန်မာနှင့်ဘိုလီဗီယားလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကြိုတင်လက်မှတ်များကို အောက်တိုဘာ ၈ရက်မှ ၁၂ရက်အထိ နံနက် ၁၀နာရီမှစတင်၍ ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

သတ်မှတ်ထား

အဆိုပါခြေစမ်းပွဲအတွက် ကြိုတင်လက်မှတ်များကို လှည်းတန်းစင်တာ၊ ပဒုမ္မာကွင်း၊ သုဝဏ္ဏကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် နေ့စဉ်နံနက် ၁၀နာရီမှစတင်၍ ရောင်းချပေးမည်ဖြစ်ပြီး လက်မှတ်ခနှုန်းထားများမှာ ရိုးရိုးတန်း ကျပ်၃၀ဝ၀ နှင့် အထူးတန်း ကျပ် ၅၀ဝ၀ သတ်မှတ်ထားကြောင်း သိရသည်။ မြန်မာနှင့်ဘိုလီဗီးယားအသင်းတို့၏ ခြေစမ်းပွဲကို အောက်တိုဘာ ၁၃ရက် ညနေ ၆နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ခြေစမ်းပွဲအတွက် ဘိုလီဗီးယားအသင်းကို ပွဲကစားကြေး အမေရိကန်ဒေါ်လာ တစ်သိန်းဝန်းကျင်းခန့်ပေးခဲ့ရသည်ဟု သတင်းများလည်း ထွက်ပေါ်လျက်ရှိနေသည်။

မြန်မာ့လက်ရွေးစင်အသင်းနှင့်ခြေစမ်းမည့် ဘိုလီဗီးယားအသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် ၅၈နေရာ၌ ရပ်တည်နေပြီး အမြင့်ဆုံးကမ္ဘာ့အဆင့် ၁၈နေရာအထိ တက်ရောက်ဖူးသောအသင်းဖြစ်သည်။



ဖတ်ရှုမှုအများဆုံး