စိတ်ကြွဆေးနှင့် ဘိန်းဖြူရောင်းချသူ ၂ ဦးကို ဖမ်းဆီး

စိတ်ကြွဆေးနှင့် ဘိန်းဖြူရောင်းချသူ ၂ ဦးကို ဖမ်းဆီး

စဉ့်ကူးမြို့နယ်တွင် ကျပ် ၆၂ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွဆေးနှင့် ဘိန်းဖြူများ ရောင်းချသူ ၂ ဦးကို မူးယစ်တပ်ဖွဲ့စုက ယနေ့ (အောက်တိုဘာ ၇ ရက်)တွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

အဆိုပါနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု ကျည်တောက် ပေါက်ကျေးရွာ ရပ်ကွက်(၄)ရှိ မမာမာစန်း ၄၆ နှစ်၏ နေအိမ်ကို မူးယစ်သတင်းအရ မူးယစ်တပ်ဖွဲ့စု (၁၆ )မှတပ်ဖွဲ့ဝင်များက ရှာဖွေခဲ့သည်။ 
အဆိုပါနေအိမ်အတွင်း မမာမာစန်းနှင့် ၄င်းချွေးမဖြစ်သူ မစုပုံချစ်(ခ)မပုံ့ပုံ့ တို့ကိုတွေ့ရှိပြီး မမာမာစန်း ၏ အိပ်ယာ ပေါ်မှ ဘိန်းဖြူ ဝ.၃၃ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၇၈ ပြားနှင့် မြန်မာငွေ ၉၄၀ဝ၀ဝ ကျပ် ကို လည်းကောင်း၊ အိပ်ယာခြေရင်းရှိသေတ္တာပေါ်မှ လက်ကိုင်ဖုန်း ၂ လုံးအားလည်းကောင်း၊ အိပ်ခန်း ခေါင်းရင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀ဝ ပြားအားလည်းကောင်း၊ အိပ်ခန်းနံရံတွင်ချိတ်ဆွဲထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ ပြားအားလည်းကောင်းသိမ်းဆည်းခဲ့သည်။ 
ထို့ပြင် နေအိမ်ရှေ့ဝရံတာတွင် ချိတ်ဆွဲထားသည့် ကြွပ်ကြွပ်အိတ်အတွင်းမှ ဘိန်းဖြူ ၃.၉ ဂရမ်အာ း လည်းကောင်း၊ မစုပုံချစ်(ခ)မပုံ့ပုံ့ အိပ်သည့် အိပ်ယာပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈ ပြားအားလည်းကောင်း၊ စုစုပေါင်းစိတ်ကြွရူးသွပ် ဆေးပြား ၂၄၂၆ ပြား တန်ဖိုး ၄၈၅၂၀ဝ၀ ကျပ်နှင့် ဘိန်းဖြူ ၄.၂၃ ဂရမ် တန်ဖိုး ၄၂၃၀ဝ၀ ကျပ်တို့အပြင် နေအိမ်ရှေ့မှ ဆိုင်ကယ် ၂ စီးတို့ကို ဆက်လက်သိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
လက်ပံလှနယ်မြေရဲစခန်းက မယ(ပ)၁၃/ ၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/ ၂၁ အရ အမှုဖွင့်အရေးယူထားသည်။