ရန်ကုန်-ကိုကိုးကျွန်သွားရေယာဉ်များ ခရီးစဉ်ပြေးဆွဲနိုင်ခြင်းမရှိသေး

ရန်ကုန်-ကိုကိုးကျွန်သွားရေယာဉ်များ ခရီးစဉ်ပြေးဆွဲနိုင်ခြင်းမရှိသေး

ရန်ကုန်နှင့်ကိုကိုးကျွန်းသို့ သွားလာနိုင်သည့်ရေယာဉ်များအတွက် ပုဂ္ဂလိကလုပ်ငန်း ရှင်များနှင့် ညှိနှိုင်းနိုင်ခြင်းမရှိသေးသည့်အတွက် ယင်းခရီးစဉ်ကို လတ်တလောပြေးဆွဲ နိုင်ခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အောက်တိုဘာ ၅ ရက်၌ ပြောဆိုသည်။

ကိုကိုးကျွန်းနှင့်ရန်ကုန်သို့ ဆက်သွယ်သွားလာနိုင်အောင် ရေကြောင်းပို့ဆောင်ရေး ပိုင်ရေယာဉ်များ ပုံမှန်ပြေးဆွဲပေးရန် အစီအစဉ် ရှိမရှိ၊ အစီအစဉ်ရှိလျှင် မည်သည့်အချိန်တွင် စတင်ပြီး အစီအစဉ်မရှိလျှင် အဘယ်ကြောင့်ဆိုသည်ကို ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက အောက်တိုဘာ ၅ ရက်ကပြုလုပ် သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး၌ မေးမြန်းမှုအပေါ် ဝန်ကြီးက ယင်းကဲ့သို့ ပြန်လည်ဖြေဆိုခဲ့ခြင်း ဖြစ်သည်။

"ယခုအခါမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ် ပြေးဆွဲ လိုသော ပုဂ္ဂလိကလုပ်ငန်းရှင်များနဲ့ ညှိနှိုင်းလျက်ရှိပါတယ်။ အဲဒီလိုညှိနှိုင်းနေတဲ့အခါမှာ ရေကြောင်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာနကနေပြီးတော့ ပြေးဆွဲနိုင်ရန်လိုအပ်တဲ့ ပစ္စည်းပိုင်း ဆိုင်ရာကိစ္စရပ်တွေ၊ ဆာဗေးတွေစစ်ဆေးပြီးတော့ ကူညီဆောင်ရွက်ပေးမယ်လို့လည်း လုပ်ငန်းရှင်တွေကို ပြောကြားထားပါတယ်။ သို့သော်လည်း ယခုညှိနှိုင်းနိုင်ခြင်းမရှိသေးတဲ့ အတွက် ဆောင်ရွက်လိုသော ပုဂ္ဂလိကလုပ်ငန်း ရှင်တွေ၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင် လုပ်ငန်းရှင်တွေရှိသော်လည်း ရာသီဥတုဆိုးရွားချိန်မှာ ကမ်းခိုရတာဖြစ်တဲ့အတွက် ပုံမှန် သတ်မှတ်ပေးလို့မရတဲ့ အခက်အခဲတွေလည်း ရှိပါတယ်"ဟု ဝန်ကြီးက ပြောဆိုသည်။

ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပို့ဆောင်ရေးနှင့်ဆက် သွယ် ရေးဝန်ကြီးဌာနတို့က အဆိုပါခရီးစဉ်အတွက် ညှိနှိုင်းပြီးဆောင်ရွက်သွားရန် အဆက် မပြတ် စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး