မလေးရှားနိုင်ငံ၊ ပီနန်းကျွန်းတွင် အောက်တိုဘာ ၂ရက်မှ ၆ရက်အထိ ကျင်းပခဲ့သည့် နိုင်ငံတကာတက္ကသိုလ်ပေါင်းစုံ အနောက်တိုင်းလှေပြိုင်ပွဲတွင် မြန်မာတက္ကသိုလ် အမျိုးသမီးအသင်းရွှေတံဆိပ်ဆု ရယူနိုင်ခဲ့သလို အမျိုးသားအသင်းမှာလည်း ကြေးတံဆိပ်ဆုများ ဆွတ်ခူးနိုင်ခဲ့သည်။
ဆွတ်ခူးနိုင်ခဲ့<
မြန်မာတက္ကသိုလ်အဖွဲ့မှ ပွဲစဉ်၁၀မျိုး၌ ဗိုလ်လုပွဲသို့တက်ရောက်နိုင်ခဲ့ပြီး ပွဲစဉ်လေးမျိုးတွင် ဆုတံဆိပ်များဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲ၏ အမျိုးသမီးနှစ်ယောက်လှော်ပွဲစဉ်၌ နှင်းအိဝေအောင်နှင့် ပန်းပြည့်ပြည့်လွင်တို့အတွဲက ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည်။ တစ်ယောက်လှော်ပွဲစဉ်၌ နှင်းဆုဝေက ကြေးတံဆိပ်၊လေးယောက်လှော်တွင် မေသင်္ကြန်၊ နန်းငြိမ်းငြိမ်းစံ၊ ယွန်းမြတ်သွယ်၊ မေဇင်သန့်တို့က ကြေးတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ အမျိုးသားနှစ်ယောက်လှော်တွင် ဆန်းမင်းထူးနှင့် အောင်သူဟိန်းတို့အတွဲက ကြေးတံဆိပ်ဆွတ်ခူးနိုင်ခဲ့သည်။
ပါဝင်ယှဉ်ပြိုင်
အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တက္ကသိုလ်အသင်းနှင့် စီးပွားရေးတက္ကသိုလ်အသင်း နှစ်သင်း ဝင်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အသင်း၌ အမျိုးသားအားကစားသမား ၉ ဦးနှင့် အမျိုးသမီးကစားသမား ၇ ဦးတို့ ပါဝင်ခဲ့သည်။ စီးပွားရေးတက္ကသိုလ်အသင်း၌ အမျိုးသားကစားသမား ၉ ဦးနှင့် အမျိုးသမီးကစားသမား ၃ ဦးတို့ ပါဝင်ခဲ့ကြသည်။ ပြိုင်ပွဲကို အိမ်ရှင်မလေးရှား၊ ကနေဒါ၊ ကိုလံဘို၊ ပါကစ္စတန်၊ သိရီလင်္ကာ၊ ကာတာ၊ ထိုင်း၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ဟောင်ကောင်စသည့်နိုင်ငံများမှ တက္ကသိုလ်အသင်းပေါင်း ၁၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။















