လက်ဝှေ့ပွဲ ကြည့်ပြီးပြန်လာသည့် သားအဖနှစ်ဦး ရန်ဖြစ်စဉ် သားက ဖခင်ကို ဓားဖြင့်ထိုးသတ်

လက်ဝှေ့ပွဲ ကြည့်ပြီးပြန်လာသည့် သားအဖနှစ်ဦး ရန်ဖြစ်စဉ် သားက ဖခင်ကို ဓားဖြင့်ထိုးသတ်

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၌ လက်ဝှေ့ပွဲကြည့်ပြီးပြန်လာသည့် သားအဖနှစ်ဦး ခိုက်ရန်ဖြစ်ပွားစဉ် သားက ဖခင်ကို ဓားဖြင့်ထိုးသတ်ခဲ့သဖြင့် သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားရကြောင်း သိရသည်။

အောက်တိုဘာ ၇ ရက်နေ့ ည ၉ နာရီ အချိန်ခန့်တွင် ကသာမြို့နယ် စကားကုန်းအုပ်စု ယင်းခဲကျေးရွာ တွင် လူသတ်မှုဖြစ်ပွားကြောင်းသတင်းအရ ကသာမြို့မရဲစခန်းမှူး ဒုရဲမှူး ဉာဏ်ထွန်းနှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ ဦးမြအောင် အသက်(၆၉)နှစ်ဖြစ်ပြီး သားဖြစ်သူ အောင်သန်းဝင်း(၃၃) နှစ်နှင့်အတူ တီဗီမှ လက်ဝှေ့ပွဲကြည့်ပြီး နေအိမ်သို့ပြန်လာစဉ် လမ်းပေါ်တွင်စကားများရန်ဖြစ်ရာ သားဖြစ်သူအောင်သန်းဝင်းက ဖခင်ဖြစ်သူ ဦးမြအောင်ကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း၊ သေဆုံးသူတွင် ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်း ဝဲဘက် ပေါက်ပြဲဒဏ်ရာများရရှိသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
ကသာမြို့မရဲစခန်းက (ပ)၃၅၁/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားသည်။