မီးရထားဝန်ထမ်းအိမ်ရာပေါ်သို့ ညောင်ပင်လဲကျသဖြင့် သားအဖ၂ ဦးသေဆုံး

မီးရထားဝန်ထမ်းအိမ်ရာပေါ်သို့ ညောင်ပင်လဲကျသဖြင့် သားအဖ၂ ဦးသေဆုံး

မြစ်ငယ်မြို့ မြစ်ငယ်ရပ်ကွက်တွင် မီးရထားဝန်ထမ်းအိမ်ရာပေါ်သို့ ညောင်ပင် လဲကျပိမိသဖြင့် သားအဖ၂ ဦးသေဆုံးခဲ့မှု အောက်တိုဘာလ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည်။ 

အဆိုပါနေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် အမရပူရမြို့နယ်အတွင်းမိုးရွာသွန်းမှုကြောင့် မြေပျော့၍ မြစ်ငယ်မြို့ မြစ်ငယ်ရပ်ကွက်နေ မီးရထားဝန်ထမ်း ကုန်တွဲကျွမ်းကျင်အဆင့်-၅ ဦးအောင်နိုင်ဦး (စိစစ်ဆဲ)၏ နေအိမ်လိုင်းခန်းပေါ်သို့ လုံးပတ်(၈)ပေခန့်ရှိ ညောင်ပင်လဲကျပိမိခဲ့သည်။

ထိုသို့ ညောင်ပင်လဲကျပိမိခဲ့သောကြောင့် ဦးကိုနိုင်(၃၅)နှစ်နှင့် ၎င်း၏သား မောင်နိုင်ထက်ဦး(၁၃)နှစ်တို့တွင် ဦးခေါင်း နောက်စေ့ကွဲ၊ နားသွေးထွက်၊ ခါးရိုးကျိုးဒဏ်ရာများရရှိကာ သေဆုံးခဲ့သည်။

အလားတူ ဇနီး ဒေါ်အေးသင်း(၃၅)နှစ်တွင် ရင်ဘတ်၊ ပေါင်ပွန်းပဲ့ ဒဏ်ရာများ(စိုးရိမ်ရ)နှင့် သမီးမယွန်းယွန်း(၁၀)နှစ် ခန္ဓာကိုယ်ပွန်းပဲ့ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရသည်။ မြစ်ငယ်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ်(၁၁/၁၈)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး