အမေရိကန်တရားရုံးချုပ်တရားသူကြီး လစ်လပ်နေရာတွင် ခန့်အပ်နိုင်ရေးအတွက် ၄င်းရွေးချယ်အဆိုပြုခဲ့ပြီး တရားသူကြီးအဖြစ် အတည်ပြုနိုင်ရေးကြားနာပွဲတွင် ရင်ဆိုင်ခဲ့ရသမျှအတွက် တရားသူကြီးဘရက် ကာဗာနော့ကို သမ္မတ ဒေါ်နယ်ထရမ့်က တောင်းပန်ခဲ့သည်။
ဆိုးဆိုးရွားရွား နာကျင်ခံစားစေရန် တိုက်ခိုက်မှုကို ကြြံ့ကံ့ခံခဲ့သည့် မစ္စတာကာဗာနော့နှင့်မိသားစုကို နိုင်ငံ့ကိုယ်စား မိမိတောင်းပန်လိုကြောင်း ထရမ့်ကပြောဆိုခဲ့သည်။ မုသားနှင့်် လှည့်စားမှုအခြေခံသည့် နိုင်ငံရေးတိုက်ပွဲနှင့် ပုဂ္ဂိုလ်ရေးပျက်စီးရာပျက်စီးကြောင်းစွပ်စွဲမှုများကို ကာဗာနော့က အပြစ်ကင်းမဲ့ကြောင်း သက်သေပြနိုင်ခဲ့သည်ဟုလည်း ပြောဆိုခဲ့သည်။
ကာဗာနော့သည် အတိတ်က အမျိုးသမီးအချို့အပေါ် လိင်မှုစော်ကားခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ပြီးနောက် တရားသူကြီးအဖြစ်အတည်ပြုရန် အငြင်းပွားမှုများဖြစ်ပေါ်ခဲ့ကာ အထက်လွှတ်တော်တွင်းကြားနာမှုတွင်လည်း များစွာ ဂယက်ရိုက်ခဲ့သည်။ အငြင်းပွားဖွယ်အတည်ပြုမှုနှင့် ကြုံခဲ့ရသော်လည်း ခါးသီးမှုမရှိကြောင်း ကာဗာနော့က ပြောဆိုခဲ့သည်။ ၄င်းသည် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ကာဗာနော့အားစွပ်စွဲမှုကို အက်ဖ်ဘီအိုင်က စစ်ဆေးရန် သမ္မတထရမ့်ကခွင့်ပြုခဲ့ပြီး တစ်ပတ်အတွင်း စစ်ဆေးကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ယင်းအစီရင်စာအရ လွွှတ်တော်တရားရေးကော်မတီက ကာဗာနော့သည် အပြစ်မရှိဟုဆုံးဖြတ်ခဲ့သည်။ သို့သော် ယင်းအစီရင်ခံစာကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
လက်ရှိ အသက် ၅၃ နှစ်အရွယ် ကာဗာနော့သည် ကိုယ်ဝန်ဖျက်ချမှုကို ဆန့်ကျင်ခဲ့သည့် သမိုင်းကြောင်းရှိခဲ့ပြီး ရှေးရိုးစွဲကွန်ဆာဗေးတစ်ဟု သတ်မှတ်ခံရသည်။ ၄င်း၏ တရားသူကြီးခန့်အပ်ခံရရေး ဆွယ်တရားဟောမှုကို အမျိုးသမီးများဖြင့် စည်းရုံးခဲ့သည်။ အမေရိကန်ပြည်ထောင်စု၏ အမြင့်ဆုံးတရားသူကြီးတစ်ဦးဖြစ်လာသည့် ၄င်း၏ရုံးတွင်လည်း ဝန်ထမ်းအားလုံးသည် အမျိ်ုးသမီးများသာဖြစ်ပြီး ယင်းကဲ့သို့လုပ်ဆောင်မှုသည် တရားရုံးချုပ်တရားသူကြီးများတွင် ပထမဆုံးဖြစ်သည်။

















